Images

တို့ တွေရဲ့  လကမ္ဘာများ………



 

လကမ္ဘာဟာ romatic ဆန်ရာအဖြစ်

ချစ်ခြင်းနဲ့ မှော်သွင်း

ပျော်စရာဖန်ဆင်းခဲ့ကြတယ်။

တကယ့် တကယ်စင်စစ်

လေမရှိတဲ့အဖြစ်

ရေကင်းတဲ့ထိုနေရာ

ဘယ်မှာ ပျော်စရာရှိမလဲ။

 

လူတွေတွက်အချစ်ဟာ

essential အဖြစ်

ရင်ခွင်တိုးမှာခိုရင်း

လကမ္ဘာတစ်စင်း

နှစ်ယောက်တွဲရင်း

ဖန်ဆင်းကြပြန်တယ်

တကယ့် တကယ်စင်စစ်

အချစ်ထက်လိုအပ်တဲ့

စားဝတ်နေရေးမှာ

အဖြေရှာရင်း

ထိုလကမ္ဘာဟာ

ပျော်စရာကင်းကြရပြန်တယ်။       

 

ဧပရယ်ဆွေဆွေ

 

0 comments: