Images

နစ်မြောခြင်း

  


အန္တရာယ်ရှိတဲ့ မီးကို ကြောက်တယ်လို့ 
ဘယ်သူမှ မပြောသလို
အလင်းရောင်အပြည့်နဲ့ ဘ၀ကို
ဘယ်သူမတဘဲ ရှိခဲ့လဲ။
အရသာမရှိတဲ့ ရေကို ငြီးငွေ့တယ်လို့
ဘယ်သူမှမပြောသလို
အေးဆေးငြိမ်းချမ်းတဲ့ဘ၀ကို
ဘယ်သူကငြီးငွေ့မှာလဲ။
အနံ့ မရှိတဲ့ လေကို အဝေးသို့ 
သွားလေလို့ ဘယ်သူမှမဆိုသလို
ရှင်သန်နေတဲ့ လေပြည်ညင်းကို
ဘယ်သူငြင်းနိုင်ခဲ့လို့ လဲ။
လောကမှာ အကောင်းအဆိုးဒွန်တွဲနေတာမို့ 
မင်းမရှိပဲ မနေတတ်တော့တဲ့
ငါ့ဘ၀ဟာလည်း အတူတူပါဘဲ။                     

ဧပရယ်ဆွေဆွေ
                               

0 comments: