Images

ရေကူးသူ



ရေကူးသူ

နေ၀င်နေထွက်တိုင်းမှာ
မှိုင်းညို့စွာလွမ်းနေတာမို့
ကမ်းခြေမဲ့တဲ့
အချစ်ပင်လယ်ထဲ
ငါ………………
 နစ်မွန်းစွာကူးခတ်နေဆဲ။
Images

အလွမ်းရာသီ



အလွမ်းရာသီ

နေ၀င်ချိန်တွေစောပြီး
ရက်စက်ခြင်းတွေကြီးစိုးလာတဲ့
စောင့်ဆိုင်းခြင်းရာသီတွေမှာ
ငါတစ်ယောက်တည်း
ကြိတ်ပြီးလွမ်းရတာတွေကိုလည်း
နင်မသိပါစေနဲ့တော့။
Images

အားတင်းရင်းနဲ့ .......(အပိုင်း ဂ)



အားတင်းရင်းနဲ့ .......(အပိုင်း ဂ)

 

ဘာဖြစ်သေးလဲ….
တချို့ အရာတွေ ဟာ
ဆန့်ကျင် ဘက်ဆိုးကျိုးတွေကြောင့်
ဂုဏ်သတ္တိတွေ တန်ဖိုးတွေမြင့်လာကြတာ
မှောင်မှိုက်ခြင်းတွေသာ မရှိခဲ့ ရင်
အလင်းရောင်ဟာ
ဒီလောက်တန်ဖိုးရှိမယ် မထင်ဘူး

ဝမ်းနည်းမှုတွေကြောင့်သာ
ငါတို့ရဲ့ ပျော်ရွှင်ချိန်တွေ ဟာ
အရသာရှိရှိနဲ့ချိုမြိန်နိုင်တာ
ကျရှုံးမှုတွေကြားကမှ
တန်ဘိုးအရှိဆုံး အောင်မြင်မှုကို
ထုဆစ် လုယူရ မှာပေါ့။

ကဲ…..အားတင်းရင်းနဲ့ ….

ပစ္စုပ္ပန် ရဲ့ ခက်ခဲတဲ့ အချိန်တွေထဲက
အနာဂတ်ရဲ့ ပျော်ရွင်ဖွယ် ပုံပြင်ကောင်းလေးတွေ

ရှာဖွေကြည့်ကြတာပေါ့။