Images

လူမိုက်




အရောင်ရင့်တဲ့ပန်းရိုင်းရဲ့ 
ကပိုကယိုအလှမှာ
ဘ၀နဲ့ ရင်းပြီး ငေးမိခဲ့တဲ့ငါ……

မိုးမဲ့တဲ့ တောနက်ရဲ့ 
မီးခင်းတဲ့ပန်းခင်းထဲမှာ
လျှောက်လှမ်းချင်ခဲ့တဲ့ ငါ…..

အချစ်ကင်းတဲ့ ကောင်းကင်ရဲ့ 
ရင်ခွင်ခါးခါးကိုမှ
မက်မောနေမိခဲ့တဲ့ ငါ…..

သံစဉ်မရှင်းတဲ့ ချစ်ခြင်းရဲ့ 
တေးတစ်ပုဒ်ကိုမှ
သွားဆိုချင်မိခဲ့တဲ့ ငါ……

နက်မှန်းသိပေမဲ့
ထိုတွင်းကိုပဲ နက်နက်တူး
ရင်ခွင်ဦးဆိုတဲ့ အသိထူးက
ငါ့ကို လူမိုက်ဖြစ်စေခဲ့ပြီလေ။

ဧပရယ်ဆွေဆွေ

0 comments: