Images

အစွဲအလမ်း




မျှော်လင့်ချက်
တစ်စက်နှစ်စက်နဲ့တင်
စွဲလန်းကြီးစွာ
နီးစပ်ချင်မိခဲ့သူ။

ငြင်းပယ်မှုတွေခါးသက်ပေမဲ့
တားရခက်တဲ့အိပ်မက်တွေနဲ့ပဲ
စွဲလန်းကြီးစွာ
နီးစပ်ချင်မိခဲ့သူ။

လေတိုက်တိုင်း
ကိုင်းသွားတတ်တဲ့
သစ္စာတရားတွေကိုပဲ
ထပ်တလဲလဲယိုးမယ်ဖွဲ့မိရင်း...
စွဲလန်းကြီးစွာ
နီးစပ်ချင်မိခဲ့သူ။

 ဧပရယ်ဆွေဆွေ

0 comments: