Images

မှတ်တိုင်




ဘ၀ဆိုတဲ့ သစ်ကိုင်းကြီးကို
ဆွဲခိုရင်း အဆိပ်ပါတဲ့ပျားရည်ကို
မက်မောစွာနဲ့ သောက်သုံးခဲ့မိတဲ့
အမိုက်မှောင်ထဲကလူသား
ကမ္ဘာလောကတွက် အလင်းထက်
အိမ်တံခါးကိုပင် မစွန့် နိုင်တဲ့
အတ္တ၀ါဒတွင် စီးမျော
တသောသောနဲ့ ဝဲကာပါ။
ဆယ်စုနှစ်တွေ ဘယ်လိုကုန်လွန်သော်လည်း
ပြေးသော်လည်းမရောက်
သွားရင်းပင်လမ်းပျောက်
သြော် သံသရာထဲကငါ…….
သုံးဆယ့်လေးပင်ရောက်ပါပေါ့လား။
                             ဧပရယ်ဆွေဆွေ

0 comments: