Images

မှောင်လွန်းသောနေ့ များ

-->


နှစ်သိမ့်မရတဲ့
မျက်ရည်စက်တွေနဲ့
နေ့တွေတိုင်းလည်း
နင့်ကိုမလွမ်းချင်တော့ဘူး
ခမ်းခြောက်တော့မဲ့
အသည်းအစအနတွေနဲ့ပဲ
ငါ့……ရင်ခွင်လည်းမွန်းကျပ်လှပြီ။
တိမ်မည်းကြီးတွေကိုမြင်ရင်တောင်
စိုးရွံ့နေတတ်တဲ့ငါ့ဆီကို
ဒီလိုမိုးတွေဆက်မရွာလာပါစေနဲ့ တော့
ကွဲအက်တော့မဲ့
မျက်ရည်အစအနတွေနဲ့ ပဲ
ငါ့….ရင်ခွင်လည်း စိုစွတ်လှပါပြီ။
အချိန်ကာလတွေကသာ
ငါ့အချစ်တွေကိုတိုက်စားနိုင်ရင်
တစ်နေ့နေ့မှာတော့
နင့်ကိုမေ့နိုင်မှာပါ။

ဧပရယ်ဆွေဆွေ


0 comments: