Images
မိတ္ထီလာမြို့ ၏ ပဋိပက္ခနေ့ ရက်များ
ထိုနေ့ က 20-3-2013 ရက်နေ့ ။ ကျွန်မအတွက်တော့ သာမန်နေ့ ရက်များနည်းတူ မနက်ပိုင်း ဆွမ်းကိစ္စ စီစဉ်ပြီးသည်နှင့် အလုပ်သွားဖို့ ပြင်ဆင်ရသည်။ မောင်လေးငယ်က မြင်းခြံသွားနေရ၍အလုပ်ကို တစ် ယောက်တည်း သွားခဲ့သည်။ အလုပ်ခွင်ရဲ့ မနက်ပိုင်းကတော့ ထုံးစံအတိုင်း လူနာများနှင့်သာ။
နေ့ လည်ဘက် ထမင်းစားပြီးချိန်တွင် လျှော်ပင်မှ လူနာနှစ်ဦးရောက်လာသည်။ ကျွန်မတို့ အဖွဲ့ သည် သူမအား လိုအပ်သည်များမေးမြန်နေစဉ် ကားတစ်စင်းအချိန်ပြင်းပြင်းနဲ့  စင်တာရှေ့ သို့ ရောက်လာသည်။ ကား ပေါ်မှ လူငယ်တစ်ယောက်အမောတကောနှင့် ပြေးဝင်လာရင်း
" ဒေါ်လေး ဈေးထဲမှာ အခြေအနေမကောင်းဘူး၊ ကုလားနဲ့ ဗမာတွေ ချနေတယ်။ လူတွေလည်း ပြေးလွှားနေကြတာ၊ ကျွန်တော်လည်း ကားကိုမနည်းမောင်းထွက်လာရတယ်…  "
ထိုလူငယ်က လူနာ၏တူလေးဖြစ်သည်။ သူ့ သတင်းပေးချက်ရမှ ဈေးထဲကအကြောင်းကို သိရသည်။ ထိုလူနာသည် အာရုံကြောအားနည်းကာ လက်တုန်နေသူဖြစ်သည်။ သတင်းစကားကြားရ၍ ပို၍တုန်လာသည်။ သွေးတက်လာသည်။ ထို့ ကြောင့် ကျွန်မက ကျန်းမာရေးရာ တချို့ အရာများနှင့် စကားလမ်းလွှဲကာ မေ့မေ့ ပျောက်ပျောက်ဖြစ်အောင် ကြိုးစားပေးလိုက်သည်။ သို့ သော်လည်း ကျွန်မကိုယ်တိုင်ပင် ရင်မအေးပါ။ ထိုလူနာ ပြန်သွားချိန်သည် ညနေ 4 နာရီထိုးလုပြီ။
နောက်ထပ်လူနာက ထပ်ရောက်လာသည်။ ဈေးဘက် ကားဝင်းဘက်မှ လူနာဖြစ်သည်။ ထိုဦးလေး၏ ပြောပြချက်အရ လမ်းများကိုပိတ်ထားကြောင်း၊ ရွှေဆိုင်တွင် ရွှေပြန်လာရောင်းရာ ဘောက်ချာပါသော်လည်း ထိုဆိုင်ရှင်(ကုလား)များက လက်မခံ၍အချင်းများရာမှ လာရောက်ရောင်းချသူအား ရိုက်နှက်ခဲ့သည်ဟု ဆို သည်။ ထိုမှ မငြိမ်သက်မှုများဖြစ်နေခြင်းဖြစ်သည်။ စင်တာရှိ လုပ်ဖော်ကိုင်ဖက်ညီမလေးများက အဝေး ရပ်ကွက်မှလာရ၍ သူတို့ ပြန်ဖို့ စီစဉ်ပေးရသည်။ အရေးသည့်အချိန်မှ စင်တာတွေ ယောက်ျားလေးဆိုလို့  တစ်ယောက်သာရှိသည်။
ညနေ 6 နာရီတွင် အိမ်မှရောက်လာပြီး ကျွန်မအားချက်ချင်းပြန်လာရန်ပြောသည်။ မြန်မာများအား ကုလားများက တွေ့ သည့်နေရာတွင် ရိုက်နေသည်။ စင်တာကိုချက်ချင်းပိတ်ကာ အိမ်ကိုမြန်မြန်ပြန်ရသည်။ အိမ်တွင် ကိုကြီးနှင့်မောင်လေးတို့ ရောက်နေရာ မှောင်တော့မည်ဖြစ်၍ မေမေကစိတ်မချဖြစ်ကာ ကိုကြီးတို့ ကို စက်မှုဇုံအိမ်ကို မြန်မြန်ပြန်ခိုင်းနေသည်။ ကိုကြီးက (မိတ္ထီလာအိမ်တွင်သိပ်နေရသူမဟုတ် ဇုံအိမ်တွင်သာနေရ သည် မေမေကို ၅ ရက်တစ်ခါလောက်သာ လာတွေ့ ချိန်ရသူဖြစ်ရာ) မေမေနှင့်စကားကောင်းကောင်းမပြောရ သေးခင် သူ့ အားပြန်ခိုင်း၍
 " မင်းမဲ့တိုင်းပြည်မှ မဟုတ်တာ အမေရာ၊ ဘယ်သူ့ ကြောက်ရမှာလဲ "  ဟု ဆိုသည်။ သို့ သော်လည်း မေမေစိတ်တိုင်းကျပြန်သွားပါသည်။
ညတဖြည်းဖြည်းရောက်လာချိန်တွင် စိုးရိမ်စိတ်များဖြင့်သာ။ ညဘက် 9 နာရီခန့် တွင် ကြွေးကြော် သံတစ်ချို့ ကို ကြားရသည်။ထိုလူစု၏အသံသည် ကျွန်မတို့ လမ်းထိပ်ပိုင်းမှ အခြားရပ်ကွက်တစ်ခုဆီသို့ ဦးတည် သွားသည်။
မကြာခင် ထုနှက်သံများကြားရသည်။ အိမ်များဖြိုဖျက်နေသည့်အသံဖြစ်သည်။
" ဒါတို့ ပြည် ဒါတို့ မြေ တို့ ပိုင်တဲ့မြေ " ဆိုတဲ့ ၀မ်းခေါင်းသံကြီးများက ကျွန်မတို့ နားထဲသို့ ပင် ၀င်လာသည်။ အဆောက်အဦးဖြိုဖျက်သံများသည် ည 3 နာရီိထိကြားနေခဲ့ရသည်။ ကံကောင်းသည်က ထိုနေ့  မီးသံ မကြားရပါ။
21-3-2013
မနက်မိုးလင်းကတည်းက ရပ်ကွက်အတွင်းမှာ လူများပြေးလွှားသံများဖြင့် ဆူပွက်နေသည်။ မနက် 8 နာရီခန့် တွင် မြို့ ထဲနေရာဆီမှ မီးခိုးလုံးကြီးများလိမ့်တက်လာသည်။ ကတ္တရာလမ်းပေါ်တွင် ကားသံ ဆိုင်ကယ် သံနှင့် လူသံများ ညံနေတော့သည်။ ကားနှင့် ဆိုင်ကယ်များ၏ အဆက်မပြတ်ဟွန်းတီးသံများသည် ပုံမှန်ကျွန်မ တို့ လူငယ်တို့ ၏ ရင်တွင်းကိုပင် ပူလောင်စေခဲ့သည်။နေသိပ်မကောင်းသော မေမေအားစိုးရိမ်မိသည်။ မြို့ ထဲမှ ပြန်လာသော လူတချို့ က လူများသတ်ဖြတ်နေကြပြီး ပစ္စည်းများကို မီးရှို့ နေကြကြောင်း အိမ်များလည်း မီးလောင်နေသည် ဟုဆိုသည်။
ထိုအချိန်တွင် ကျွန်မတို့ ရပ်ကွက်မှ လူငယ်များ ယောက်ျားများစုကာ ရပ်ကွက်အတွင်း သူစိမ်းလူမ၀င် အောင်နှင့် ကိုယ့်အိမ်ဝန်းအတွင်း လုံခြုံရေးအတွက် အမျိုးသမီးများက တာဝန်ယူရန် ဆိုလာသည်။ ယောက်ျား လေးများ 5 ယောက်တစ်စု 7 ယောက်တစ်စု စသည်ဖြင့်ဖွဲ့ ကာ ရပ်ကွက်အတွင်းလမ်းထိပ်များ လမ်းများအတိုင်း နေရာယူကြသည်။
လုံခြုံမှုမရှိတော့သောအခြေအနေဖြစ်သည်။ လုံခြုံမှုအတွက် ကိုယ့်ဘာသာကိုယ်တာဝန်ယူနေရသည်။ တကယ်ဆို စဖြစ်သည့်အချိန်ကတည်းက ထိုကိစ္စကို သတိထားရမည်မှာ သက်ဆိုင်ရာလူကြီးတို့ ၏ တာဝန် ဖြစ်သည်။ သာမန်ဈေးအရောင်းအ၀ယ်ကိစ္စလေး၏ အချင်းများကိုမှုကိုပင် ဘာကြောင့်ထိရောက်အောင် မတား ဆီးနိုင်ခဲ့ရတာလဲလို့ ကျွန်မတွေးမိသည်။ ထိုအားနည်းမှုသည် မလိုလားအပ်သော ယခုကိစ္စ များဖြစ်လာရသည် မဟုတ်ပါလော။ ကျွန်မအတွေးများနှင့် ကောင်းကင်ကိုမော့ကြည့်မိတော့ ထီလာမြို့ ၏ ကောင်းကင်သည် မီးခိုး လုံးများဖြင့်သာမဲ မှောင်နေတော့သည်။
ကားဝန်းတ၀ိုက်နှင့် ပညာရေးမှူးရုံးပါ မီးထဲပါသွားပြီဟု သတင်းရသည်။ ဖုန်းလိုင်းများက ဆက်သွယ် မရအောင်ဖြစ်နေသည်။ တချို့ အ၀င်ရသော်လည်း အထွက်မှာမူ လုံးဝမရတော့ပါ။ စက်မှုဇုံအိမ်နှင့် အဆက် အသွယ်ပြတ်သွားတော့သည်။
မီးသည် ကျွန်မတို့ နှင့် နီးနီးလာသည့်အချိန်မှာ မေမေကို ဒေါ်လေးတို့ နှင့်အတူ ဘုန်းတော်ကြီးကျောင်း သို့  ပို့ ထားလိုက်သည်။ ညီအစ်မနှစ်ယောက်ထဲသာရှိတော့သော ကျွန်မတို့ သည် အိမ်ဝင်းတံခါးကို သေချာစွာ ခတ်ကာ ပစ္စည်းများ ထုပ်ပိုးထားတော့သည်။ အရေးအကြောင်းရယ်ဆို ဘာမှသိပ်မသယ်နိုင်သိသော်လည်း အရေးကြီးသည့် စာရွက်စာတမ်းများကိုသေချာသိမ်းဆည်းလိုက်သည်။
လာမည့်ဘေးပြေးတွေ့ ရုံပြင်မရှိသည့်သည်အခြေအနေတွင် ကြောက်နေ၍လည်း ဘာမှဖြစ်မလာနိုင်ပါ။ မလတ်အား လုပ်ရမည့်အစီအစဉ်များဆွဲကာ တိုင်ပင်သည်။ ရပ်ကွက်ထဲရှိ တချို့ အိမ်များသည် ကားများဖြင့် တင်ကာ ပြောင်းရွှေ့ ကုန်သည်။ စက်မှုဇုံအိမ်နှင့် အဆက်အသွယ်ပြတ်နေသောကျွန်မတို့ ကမူ ဘာမှဆက်မလုပ် နိုင်၍ အိမ်ထဲတွင်သာ နေရသည်။ အပြင်တွင် ကုလားကလည်း မြန်မာကို မြင်လျှင်ရိုက်သည်။ မြန်မာကလည်း ကုလားကိုမြင်လျှင် ရိုက်သည်။
စည်းကမ်းမဲ့ကာ ပဋိပက္ခဖြစ်နေကြသည့် လူတို့ ၏လက်ထဲတွင် တုတ်များ ဓားများ(အမျိုးသမီးများပင်) ကိုင်ဆောင်ထားကြသည်။ မီးခိုးလုံးများမဲတက်နေသည့်နေရာဘက်မှ တအုန်းအုန်းနှင့် ပေါက်ကွဲသံများကြား ရသည်။ ဆီပီပါများ ပေါက်သံဟုထင်သည်။
ညနေဘက်တွင် စက်မှုဇုံမှ မောင်လေးရောက်လာသည်။ ဇုံတွင် သတင်းများကြားသော်လည်း ထိုမျှ မဆိုးဟုထင်၍ ညနေမှလာခြင်းဖြစ်သည်။ မေမေ့ ကို ဘုန်းတော်ကြီးကျောင်းမှ ပြန်ခေါ်ကာ ညဘက်တွင် အိမ် မှာပင်အိပ်ခိုင်းဖို့ ပြင်ရသည်။ ထိုနေ့ ညသည် ကျွန်မအတွက် လုံးဝမမေ့နိုင်သည့် ညပင်ဖြစ်သည်။
နေရာတိုင်းတွင် မလုံခြုံမှုက ပြည့်နေပြီး ရပ်ကွက်ထဲမှာ အိမ်ရှိယောကျာ်းလေးတိုင်း လမ်းများတွင်း ကင်းစောင့်ရသည်။ တစိမ်းအ၀င်မခံ။ နိုးနိုးကြားကြားနှင့်အိပ်ရန် လိုက်နှိုးဆော်ကြသည်။ ညဘက် 7 နာရီခန့်  တွင် လူစိမ်းနှစ်ဦး ဆိုင်ကယ်နှင့်ဝင်လာ၍ လိုက်ဖမ်းသည့်အသံများသည် ပွက်လောရိုက်သွားသည်။ ဆိုင်ကယ် သာမိ၍ လူကိုမမိဟုဆိုသည်။
ထိုညရောက်သည်အထိ သက်ဆိုင်ရာမှလူများ၏ ထိရောက်သော ကာကွယ်မှု၊ တားမြစ်မှုများမရှိခဲ့ပါ။ ကိုယ့်ရပ်ကွက်တောင် ကိုယ့်ရပ်ကွက်သူရပ်ကွက်သားများကောင်း၍သာ ကျွန်မတို့ အန္တရာယ်ကင်းကင်းနေနေ ရခြင်းဖြစ်သည်။ ခွေးဟောင်တိုင်းထကြည့်ရသည့်အဖြစ်မျိုးရောက်ခဲ့ရသည့် ထိုညတွင် ကျွန်မ လုံးဝမအိပ်ခဲ့ရပါ။
22-3-2013
မနက်ဘက်တွင် လမ်းပေါ်တွင် ဓားကိုယ်စီ တုတ်ကိုယ်စီနှင့် လူများကို တွေ့ ရသည်။ ဆယ်တန်းကလေးများ Eco ဖြေရမည့်နေ့ ဖြစ်သည်။ သူတို့ ဖြေပြီးသည်အထိစောင့်ကြမည်ဆိုသည်။ ပြီးလျှင် သူတို့ ဘာလုပ်မည်မသိ သော်လည်း နေ့ ခင်းဘက်တွင် အားလုံးငြိမ်သက်နေသည်။ 12 နာရီကျော်လျှင် ဘာဖြစ်မည်လဲ တထိတ်ထိတ် နှင့် သာနေ နေရသည်။ ကောင်းကင်ကိုလည်း မကြာခဏကြည့်မိသည်။ မနေ့ လိုတော့ မီးခိုးများမမြင်ရ၍ ၀မ်းသာမိသည်။
ထိုနေ့  နေ့ လည်တွင် ရပ်ကွက်ထဲမှာလူငယ်တချို့  ကြက်သွန်လိုက်ရှာနေသည်။ ဘာလို့ လဲ မေးကြည့် တော့ ဒုက္ခသည်များအတွက်တဲ့။ 20 ရက်နေ့ ကတည်းက အဓိကရုဏ်းကြောင့် နေ့ ဖို့ ညစာဝေးခဲ့ရသည် မဟုတ်လား။
ညနေ 5 နာရီခန့် တွင် သမ္မတကထုတ်ပြန်သည့် အမိန့် တစ်ခုကို နားထောင်ရသည်။
           တပ်မတော်၏အကူအညီရယူသည်ဆိုသည်မှာ မိတ္ထီလာအတွက် ကောင်းသောအခြေအနေ ဖြစ်သည်။ ထိုသို့ မှမဟုတ်လျှင် မြို့ သည် ပြာဖြစ်တော့မည်။ ယခုဆိုလျှင် လူစည်ကားရာ မြို့ လယ်သည် မီးလောင်ပြင် ဖြစ်နေသည်။ တချိန်က မိတ္ထီလာမြို့ မီးအကြီးအကျယ်လောင်ဖူးသည်။ ထိုစဉ်ကာ ရန်သူမျိုးငါးပါး ဖြစ်သည့် မီးဘေးဖြစ်သည်။ ယခု ဘာဘေးလဲ ဟုကျွန်မတွေးမိသည်။
          ပဋိပက္ခဖြစ်သူများအလယ်တွင် လုယက်မှုများဖြစ်ပေါ်ခဲ့သည်။ ကူညီသူဝေးသည့်အခြေအနေတွင် လုယက်သူများပါပေါ်ပေါက်လာသည့်အတွက် မိမိအိမ်ကိုလာသည့်သူကိုပင် လက်မခံရဲအောင်ဖြစ်ရသည်။ ထိုညတွင်မူ 21-3-2013 ညလောက် မစိုးထိတ်သော်လည်း ကျွန်မတို့ ရပ်ကွက်ကတော့ ထုံးစံအတိုင်း ကိုယ့်လုံခြုံရေး ကိုယ့်ဘာသာတာဝန်ယူကြဆဲ။
23-3-2013
ဒီနေ့ မနက်မှာတော့ ဖုန်းလိုင်းလည်း နည်းနည်းအဆင်ပြေလာသည်။ ပျက်စီးမှုများသည်ဟု သတင်းကြားရ သည်။ ဒုက္ခသည်များကို မြန်မာဘုန်းကြီးကျောင်းများတွင် လက်ခံထားပြီး ကုလားများကိုမူ ခရိုင်အားကစားကွင်း တွင် ထားထားသည်ဟုသိရသည်။
လေလိုင်းများမှ ကိုယ်ရရာသတင်းလွှင့်နေကြသည်။ တကယ့် တကယ့်ဖြစ်သည့် မိတ္ထီလာတွင်ပင် ကောလ ဟာလများအပြည့်ဖြစ်သည်။ ချင့်ချိန်ယုံကြဖို့ လည်းလိုပါသည်။ သေချာတာတစ်ခုကမူ သေကြေမှု ပျက်စီးမှု နစ်နာမှုများသည် ဒုက္ခသည်များအတွက် အစားထိုးများသည့် ဆုံးရှုံးမှုများဖြစ်သည်။
          ဖုန်းလှမ်းဆက်ပြီး သတင်းမေးသူများလည်းရှိပါသည်။ ယခုအခြေအနေလုံးဝ ငြိမ်သက်ပြီး လမ်းတွင် လည်း သွားလာလှုပ်ရှားနေပြီမို့ အခြေအနေမဆိုးဟုပြောရမည်။ သို့ သော် ထိုဖုန်းဆက်သူက ဟုတ်ရဲ့ လားဟု ဆိုသည်။ ကျွန်မတော်တော် စိတ်တိုသွားသည်။ မီးလောင်ရာလေပင့်ပြီး ကြမ်းပိုးကို လိပ်ဖြစ်အောင်လုပ်ချင်နေ သည့် ထိုလူ့ စိတ်ဓာတ်ကို ရွံ့ မုန်းစွာဖြင့် အော်မိလိုက်သည်။
          တော်တော့်ကိုခက်သည့် လူတွေဖြစ်သည်။ သတင်းကို သတင်းအတိုင်းမယူချင်။ ပွဲဆူအောင် လုပ် ချင်ကြသေးသည်။
          စဉ်းစားကြည့်လျှင် ဖြစ်သည့်ကိစ္စနှင့် ဖြစ်သွားသည့်ကိစ္စသည် မတန်ဟုပင် ဆိုရမည်။ သက်ဆိုင်ရာ၏ လုံခြုံရေးအားနည်းမှု၊ လူတို့ ၏စည်းကမ်းမဲ့မှုများသည် လူသားတို့ ၏ အသက် အိုးအိမ် စည်းစိမ်များ အပါအ၀င် ငြိမ်းချမ်းမှုကင်းမဲ့ခဲ့ရသည်။
          ယခုအချိန်သည် ကျွန်မတို့ စတင်ဖြစ်ရသည့်ဖြစ်ရပ်ကို စိတ်ဝင်စားရမှာထက် ဖြစ်သွားသည့်ကိစ္စကြောင့် အတိ ဒုက္ခရောက်သူများကို ဘယ်လိုကူညီရမလဲ စဉ်းစားဖို့ လိုသည့်အချိန်ဖြစ်ပါသည်။ ကျွန်မမျက်ဝန်းထဲတွင် တော့ ကလေးငယ်များ၏ ညှိုးငယ်နေသည့်မျက်နှာများသည်သာ ဝေ့၀ဲနေပါသည်။
                                                                   ဧပရယ်ဆွေဆွေ( 23-3-2013 11း05 PM)
0 comments: