Images

BMI

BMI ဆိုသည်မှာ ( Body Mass Index) ခန္ဓာကိုယ်၏ ဒြပ်ထုညွှန်းကိန်းဖြစ်သည်။ BMI တွက်ချက်ခြင်းက လွယ်ကူပါသည်။ မိမိ၏ကိုယ်အလေးချိန်ကို Kg နဲ့ ချိန်ပါ။ မိမိ၏အရပ်ကို m နဲ့ တိုင်းပါ။ ထိုသို့ တိုင်းတာပြီးလျှင်ရလာသော ကိုယ်အလေးချိန်ကို အရပ်အမောင်း၏ နှစ်ထပ်ကိန်းနှင့်စားပါ။ ရလဒ်သည် BMI ဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကြီး၏ သတ်မှတ်ချက်က BMI ၁၈.၅ ထက်နည်းလျှင် ပိန်သည်။ ၁၈.၅ မှ ၂၄.၅ ဆိုလျှင် ပုံမှန်ဖြစ်သည်။ ၂၅.၀ မှ ၂၉.၉ ဆိုလျှင် ၀ချင်နေပြီ။ ၃၀.၀ မှ ၃၄.၉ ထိရောက်လျှင် ၀ဖြိုးမှုအဆင့် (၁) ၃၅.၀ မှ ၃၉.၉ ဆိုလျှင်ဖြင့် ၀ဖြိုးမှုအဆင့် (၂) ၄၀ သို့ မဟုတ် ၄၀ ကျော်သည် ၀ဖြိုးမှု အဆင့် (၃) ဟုဆိုထားသည်။ ဘာကြောင့် BMI တိုင်းသင့်တာလဲ။ ကျွန်မတို့ မြန်မာတွေက ကာကွယ်ခြင်းထက် ဖြစ်မှသာ ကုသတတ်တာမို့  အရာရာနောက်ကျတတ်ပါသည်။ ကျန်းမာရေးနှင့်ပက်သက်လျှင် ကြိုတင်ပြင်ဆင်ထားခြင်းက အကောင်းဆုံးဖြစ်ပါ သည်။ အထူးသဖြင့် အ၀လွန်ခြင်းမဖြစ်ရန်နှင့် ကျန်းမာရေးအသိလေးရှိရန် ရည်ရွယ်ခြင်းမျှသာဖြစ်ပါသည်။ စင်စစ် BMI တစ်မှတ်တက်တိုင်း ဆီးချိုဖြစ်ဖို့  ၁၀% နှလုံးရောဂါဖြစ်ဖို့ ၁၂ % ဖြစ်လာတာနဲ့ အတူတူပါပဲ။ စဉ်းစားကြည့်ရင် ကြောက်စရာကောင်းပါသည်။ ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်အလေးချိန်ကို မိမိဘာသာတွက်ချက် ထိန်းသိမ်းနိုင်ဖို့ လိုအပ်ပါသည်။ BMI ၂၆ သို့ ရောက်လာလျှင် သွေးတိုးရောဂါအန္တရာယ် ၂ ဆ ၂၈ သို့ ရောက်လျှင် ၃ ဆ ၂၉ သို့ ရောက်လျှင် ၄ ဆ ၃၀ ရောက်လျှင် ၅ ဆထိမြင့်မားလာပြီဖြစ်သည်။ အ၀လွန်ရောဂါသည် ကုသရန်အခက်ခဲဆုံးရောဂါဟုဆိုပါသည်။ ၀နေသူတစ်ဦး၏ ကိုယ်အလေးချိန်ကို ကျ သွားအောင် ပြုလုပ်ရခြင်းသည်ခက်သကဲ့သို့ ပင် ကိုယ်အလေးချိန်ကျသွားပြီး ပြန်မတက်အောင် ဆက်၍ထိန်းထားရ ခြင်းကလည်း အဆများစွာ ပို၍ခက်ပါသည်။ အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ယောက်တွင်ရှိသင့်သည့် အဆီပြင် ပမာဏမှာ ခန္ဓာကိုယ်တစ်ခုလုံး၏ အလေးချိန်၏ ၁၂% မှ ၂၀% ထိသာဖြစ်ပြီး အရွယ်ရောက်ပြီးသူ အမျိုးသမီးတစ် ယောက်တွင်ရှိသင့်သည့် အဆီပြင်ပမာဏမှာ ခန္ဓာကိုယ်တစ်ခုလုံး၏အလေးချိန်၏ ၂၀ % မှ ၃၀% ထိဖြစ်သည်။ လတ်တလော မိမိဝ မ၀သိချင်လျှင် မိမိ၏ခါးလုံးပတ်တိုင်းကြည့်ပါ။ အာရှတိုက်သား အမျိုးသားများသည် ၃၅ လက္မခွဲခန့် နှင့် အမျိုးသမီးများသည် ၃၁ လက္မခွဲခန့် သာ အများဆုံးရှိသင့်သည်ဟုဆိုပါသည်။ အကယ်၍ BMI တွက်ဖို့ အခက်ခဲရှိလျှင် မိမိ၏အရပ်နှင့် ကိုယ်အလေးချိန်ကို ဖော်ပြ၍ မေးမြန်းနိုင်ပါသည်။ ဧပရယ်ဆွေဆွေ

0 comments: