Images

လရောင်ဖြင့်ပွင့်သော ပန်းကလေး

ကျွန်မဒီသင်တန်းလေးကိုရောက်တော့ အံ့သြဖွယ်ရာလူငယ်ကလေးတွေကို တွေ့ ရပါတယ်။ ၁၆နှစ်၊ ၁၇နှစ်မှအစ အရွယ်မျိုးစုံ လူငယ်လေးတွေရဲ့  နှုတ်ဖျားက နိုင်ငံခြားဘာသာတစ်ချို့ ကို အဆင့်မီမီ ပြောဆိုတတ်ကြတယ်။ မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်းရဲ့ အဓိကရမြို့  တွေထဲက မိတ္ထီလာဆိုတဲ့မြို့ လေးမှာပေါ့။ အင်္ဂလိပ်နဲ့ ဂျပန်ဘာသာကို အဓိကထားသင်ကြားပေးနေပြီး အဲဒီ သင်တန်းကို ပို့ ချသူကတော့ သက်တော် ၅၅ နှစ်ဝန်းကျင်ရှိ မြန်မာဘုန်းတော်ကြီးတစ်ပါးပဲ ဖြစ် ပါတယ်။ သင်တန်းလေးထဲကို ၀င်မိတယ်ဆိုရင်ပဲ ကျွန်မစတင်လက်ခံရရှိတာက သူတို့ ရဲ့ ဖြူစင်တဲ့ အပြုံးလေးများပါပဲ။ ဖော်ရွေလွန်းတဲ့အပြုံးများဟာ တကယ်ကို ရင်းရင်းနှီးနှီးရှိလှပါတယ်။ အမိမြေက ထွက်ခွာလာသူ ကျွန်မအဖို့  ဒီမြေဒီဒေသက လူတွေရဲ့ ခင်မင်မှုကိုပဲ အလေးထားစရာရှိတာကြောင့် တွေ့ ရတာဝမ်းသာပါတယ်လို့ ပြောဖြစ်ခဲ့ပါတယ်။ ကျွန်မသွားချင်တဲ့ မြန်မာဘုန်းကြီးကျောင်းများကို လိုက်ပို့ ဖို့ အတွက် အသက် ၂၀ သာသာ မိန်းကလေးတစ်ဦးကို ဆရာတော်က စီစဉ်ပေးပါတယ်။ သူမရဲ့ ဆံပင်တွေဟာ အံ့သြဖွယ်ရာကောင်းလောက်အောင် ဒူးဆစ်နားအထိ ရှည်လျားသူဖြစ်ပြီး မြန်မာအမျိုးသမီးအများစုလိမ်းတတ်တဲ့ သနပ်ခါးဆိုတာလေး လိမ်းထားတာမို့  သူမထံမှ ကျွန်မနဲ့  သိပ်မရင်းနှီးသော ခပ်ပျံ့ ပျံ့ ရနံ့ တစ်မျိုးကို ရရှိပါတယ်။ ဆရာတော်၏ မိတ်ဆက်ပေးမှုအရ သူမဟာ ဂျပန်ဘာသာထက် အင်္ဂလိပ်ဘာသာကို ပိုမိုကျွမ်းကျင်ကြောင်း၊ ကျွန်မအနေနဲ့ ကလည်း အမေရိက မှာ အနေများတာမို့  ထိုဘာသာအတွက် အခက်အခဲမရှိဘဲ သူမနဲ့ ပြောဆိုနိုင်ခဲ့ပါတယ်။ သူမ၏အမည် " ခရေ " တဲ့ ။ မြန်မာနာမည်တစ်ချို့ ဟာ တစ်လုံးချင်းဘာသာပြန်အနက် ရှိပေမဲ့  သူမအမည်ကတော့ ပန်းတစ်မျိုး၏ အမည်ဖြစ်နေပါတယ်။ အဲဒါကြောင့် ကျွန်မကသူမကို " ဖလားဝါး " လို့ ခေါ်ပါတယ်။ သူမကတော့ ကျွန်မကို ဘာသာမပြန်တတ်တဲ့နာမည်နဲ့ ခေါ်ပါတယ်။ အဓိပ္ပာယ်မသိသော်လည်း နားဝင်ချိုလွန်းတာကြောင့် အဲဒီနာမည်လေးကိုပဲ ကျွန်မလက်ခံလိုက်မိ တယ်။ နောက်ပြီး ကျွန်မသတိထားမိတာတစ်ခုက ဒီနာမည်ကိုခေါ်လိုက်ရင် သူမရဲ့ မျက်ဝန်း နက်နက် ကလေးတွေက ချစ်ခင်လှိုက်လှဲမှုတွေ ယိုဖိတ်တော့မယောင် တလက်လက်တောက်ပလာတာကိုပါ။ ကျွန်မတို့ စတင်လေ့လာဖြစ်တဲ့နေရာက ၀မ်းတော်ပြည့်ကျောင်းတိုက်ကြီးပေါ့။ ရွှေ ရောင်တွေဝင်းနေတဲ့ စေတီတော်ကြီးနဲ့ အတူ သာသနိကအဆောက်အအုံများစွာကို တွေ့ ရပါ တယ်။ ဆင်းတုတော်များရှေ့ ရောက်တိုင်း ဖလားဝါးဟာကျု့ံကျုံ့ လေးထိုင်ပြီး ရှိခိုးဆုတောင်းပါတယ်။ ကျွန်မက Atheist (ဘယ်ဘာသာတရားမှ မကိုးကွယ်သူ) ဖြစ်တာမို့ သူမလုပ်သမျှကို လေ့လာမိ တယ်။ ဖလားဝါးဟာ ကျွန်မတွေ့ သမျှမိန်းကလေးတွေထဲမှာ အေးဆေးငြိမ်သက်တဲ့ အမူအရာအရှိ ဆုံးပါ။ ဒါပေမဲ့ သူမမှာ ထက်မြက်တဲ့ဥာဏ်ရည်ရှိတယ်ဆိုတာကိုလည်း သိခွင့်ရခဲ့ပါတယ်။ ဓာတ်တော် တိုက်လို့  အမည်ရတဲ့ ဆဌဂံပုံစံ အဆောက်အဦးအတွင်းမှာတော့ ဗုဒ္ဓရဲ့  ဆံတော်၊ အသွေးတော်၊ အရိုးတော်မှဖြစ်တဲ့ဓာတ်တော်ပေါင်းစုံကို ဖူးခွင့်ရပါတယ်။ အဲဒီထဲမှာ ဘုရားရဲ့ ခြေတော်ရာဆိုသော အရာလေးကို ၄ လက္မနီးနီးခြေတော်ရာပုံစံနဲ့  ကျောက်တုံးကလေးကို တွေ့ ရှိတာမို့  စူးစူးစမ်းစမ်း ရှိသော ကျွန်မက- " ဗုဒ္ဓဟာ ၁၈ တောင်မျှ အရပ်တော်ရှိတယ်ဆိုရင် ဒီခြေရာက ဘယ်လိုယူဆနိုင်မလဲ " လို့  မေးမိပါတယ်။ " ဘုရားရှင်ဟာ အလိုဆန္ဒတော်ရှိရင် မုန်ညင်းစေ့လေးလောက် ဖန်ဆင်းနိုင်စွမ်းရှိပါတယ်။ ဒါကို ယုံကြည်ဖို့ ခက်ခဲမယ်ဆိုရင် စဉ်းစားစရာတစ်ခု ပြန်မေးချင်ပါတယ်။ ကျွန်မတို့ လေယာဉ်ကြီး တွေကို အပြင်မှာ မြင်ဖူးကြတာပဲလေနော်။ အဲဒီလေယာဉ်ကြီးတွေကို ဖလင်ထဲကတစ်ဆင့် ပိတ်ကား မှာ လာထင်စေတဲ့အခါမှာပေါ့။ ဘာကြောင့် သေးငယ်လွန်းလှတဲ့ ပိတ်ကားအတွင်းမှာ လေယာဉ်ကြီး တွေကို အပြည့်အ၀မြင်တွေ့ ခွင့်ရပါသလဲ " တဲ့။ ကျွန်မရင်ထဲက တံခါးတစ်ဖက်ကို ဆွဲလှပ်လိုက်သလိုပါပဲ။ ကျွန်မက ဘာအဖြေမှပြန်မ ပေးဘဲ သူမလက်ကို ဆွဲပြီးချီးကျူးဖြစ်တယ်။ အဲဒီနောက် ကျွန်မဟာ ဗုဒ္ဓဘာသာကို အတွင်းကျကျ လေ့လာမေးမြန်းဖြစ်တဲ့အခါ ကျွန်မအတွက် အံ့သြမှုနဲ့ အတူ အားထားယုံကြည်စိတ်များ ဖြစ်လာပါ တယ်။ သာမန်လူသားများအတွက် ချမှတ်ထားတဲ့ ငါးပါးသီလကို သူမက ဘာသာပြန်ပြီး ကျွန်မကို သင်ပေးတယ်။ ဗြဟ္မစိုရ်တရားလေးပါးဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ ကိုပါ တစ်ထိုင်တည်းပြောဖြစ်ခဲ့ပါတယ်။ " ဖလားဝါး " က- " လဲသွားတဲ့ကလေးတစ်ယောက်ကို ထူပေးလိုက်တဲ့ မေတ္တာတရားက ဘာမှမျှော်ကိုးမှု မပါတဲ့ ဖြူစင်တဲ့ ကူညီမှုပါ။ အဲဒီလို အခိုက်အတန့်  ကူညီပေးလိုက်တဲ့အချိန်လေးဟာ ကုသိုလ်တစ်ခုလုပ် လိုက်တာပါ။ ဒါပေမဲ့ ဗုဒ္ဓရဲ့  မေတ္တာတော်ကတော့ အနှိုင်းမဲ့ပါတယ်။ သတ္တ၀ါတွေအပေါ်မှာ သနားစွာ နဲ့ နောက်ဆုံးအချိန်ထိ ချွတ်ပေးတော်မူပါတယ်။ တကယ်စစ်မှန်တဲ့ မေတ္တာဟာ တခြားဘက်က တုံ့ ပြန်မှုမရှိလည်း ဆက်လက်ပြီး ရှိနေတတ်ပါတယ် " အရာအားလုံးဟာ ကျွန်မအတွက်တော့ ထူးဆန်းဖွယ်ရာများပါပဲ။ အဲဒီဓာတ်တော်တိုက်ထဲမှာ ထပ်မံတွေ့ ရှိရတာက များပြားလှစွာသော ရဟန္တာဓာတ်တော်များဖြစ်ပါတယ်။ ဤသို့ သောဓာတ် တော်ရှင်များသည် ဗုဒ္ဓ၏တရားတော်တို့ ကို လိုက်နာကာ နိဗ္ဗာန်သို့ အရောက်သွားသူများဖြစ်တယ် လို့ သိရတယ်။ " လူတွေမှာ အတိတ်ကုသိုလ်ကံ ၊ အကုသိုလ်ကံ တို့ ရှိပါတယ်။ " ငါ " ဆိုတဲ့အတ္တမရှိအောင် ကြိုးစားနိုင်တဲ့အခါ အဲဒီကံတို့ က မစွမ်းတော့ပါဘူး။ လက်ရှိအသက်ရှင်သမျှ ကာလပတ်လုံးလည်း " ငါ " မစွက်တော့ဘူးဆိုရင် ကံအသစ်တွေလည်း မဖြစ်တော့ဘူးပေါ့။ အရာအားလုံးကို ပစ္စုပ္ပန်တည့် တည့်လေး ရှုမြင်ပေးလိုက်တဲ့အခါ အေးငြိမ်းရာတရားကို တွေ့ နိုင်ပါတယ်။ ဒါဆို ဘ၀အသစ်ကိုလည်း မျှော်လင့်စရာမလိုတော့ဘူး။ ဘ၀အသစ်ဖြစ်လိုတဲ့ စိတ်ဆန္ဒတွေ မရှိတော့တဲ့အတွက် ထိုပုဂ္ဂိုလ်ရဲ့  ရုပ်ခန္ဓာဟာ ဤဘ၀မှာပဲ ချုပ်သွားပါတယ်။ ဒါကြောင့် ဒီလိုဓာတ်တော်တွေ ကြွင်းကျန်ခဲ့တာပါ " " ငါ " ဆိုတာကို ဘာကြောင့် မရှိစေချင်ရတာလဲ။ " ငါ " ဆိုတာ တကယ်တော့ မတည်မြဲတဲ့ ခန္ဓာငါးပါးလို့ ကျွန်မတို့ ခေါ်တဲ့ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဥာဏ်ကြီးပါပဲ။ ဒါပေမဲ့ သူတို့ ဟာ အစိုးရခြင်းမရှိတဲ့အတွက် တစ်နေ့ နေ့  တစ်ချိန်ချိန်မှာ လူတွေ သတ္တ၀ါတွေဟာ သေဆုံးကုန်ရတယ်။ အဲဒါကြောင့် ဗုဒ္ဓက ကိုယ်ပိုင်ဥစ္စာအစစ်မဟုတ်တာမို့  " ငါ " စွဲကို ဖြတ်ဖို့  သွန်သင်ခဲ့တာပါ။ လက်တွေ့ ဥပမာပေးရရင် - " ယုလိကော့စံ " ခုအသက်အရွယ် ထိ ကြီးပြင်းလာရတာဟာ ယုလိကော့စံရဲ့  ဆန္ဒနဲ့ ကော ထပ်တူညီရဲ့ လား။ တစ်နေ့ တစ်ခြား ရှုံ့ တွ လာတဲ့အရေပြားတွေရဲ့ အဖြေဟာ အစိုးမရမှုကြောင့်ပဲမဟုတ်လား။ သူမရဲ့ အမေးဆုံးရင် တံခါးတစ်ချပ်ပွင့်သွားသလို ခံစားရတဲ့ ကျွန်မအတွက် အဖြေက ပေါ်မလာပါ။ သိပ္ပံနည်းနှင့် အစမ်းသပ်ခံနိုင်သော ဗုဒ္ဓ၀ါဒကို အတော်လေးပဲ အထင်ကြီးသွားမိပါ တယ်။ Atheist တစ်ယောက်ကနေ ကိုးကွယ်ရာတစ်ခုကို အမိအရယူဖို့ လည်း ဆုံးဖြတ်မိသွားတယ်။ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို သိသွားတဲ့ ဖလားဝါးက ၀မ်းသာအားရနဲ့ သူမ သိထားတဲ့ ဗုဒ္ဓရဲ့ ဘ၀ ဖြစ်စဉ်တွေကို ဆက်လက်ရှင်းပြခဲ့ပါတယ်။ လောကီအာရုံကာမဂုဏ်တို့ စွန့် ခွာလျက် ကျင့်ကြံ အားထုတ်ခဲ့သော ဗုဒ္ဓသည် တဏှာကို အပြီးတိုင်ပယ်ဖျက်နိုင်ခဲ့ကြောင်း၊ သတ္တ၀ါတို့ အကျိုးစီးပွား အတွက် ၄၅ ၀ါပတ်လုံး ကြိုးပမ်းခဲ့ကြောင်း၊ ဗုဒ္ဓသည် ဖန်ဆင်းရှင်မဟုတ်ဘဲ လမ်းညွှန်ပြသသူဆရာ တစ်ဦးသာဖြစ်၍ သူ၏နည်းနာများကို ကျင့်ကြံလျှင် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြောင်းများပဲဖြစ်ပါ တယ်။ တထိုင်တည်းနဲ့ တင် စုံစုံစေ့စေ့ဖြစ်သွားတဲ့အတွက် ကျွန်မအဖို့ တန်ဖိုးမဖြတ်နိုင်အောင်ပါဘဲ။ ဗုဒ္ဓဘာသာတို့ ရဲ့  ပန်းတိုင်" နိဗ္ဗာန် "ဆိုတာ ဘာလဲလို့ ဆိုတဲ့ ကျွန်မအမေးကိုတော့- " နိဗ္ဗာန် " ဆိုတာ အကျဉ်းချုပ်ပြောရရင် ဒုက္ခချုပ်ရာနေရာပါ။ ဒုက္ခမရှိတော့တဲ့အတွက် အေးငြိမ်းမှုရှိပါတယ်။ အဲဒီအတွက် လက်တွေ့ သိချင်ရင် တရားထိုင်ဖို့  လမ်းညွှန်ချင်ပါတယ်။ Meditation ကျတော့ ဆရာတော်များရဲ့ နည်းနာကိုခံရင်း ရိပ်သာတစ်ခုခုမှာ အားထုတ်ကြည့်ပါ တဲ့။ ကိုးကွယ်ရာတစ်ခုခုကို ရှင်းရှင်းလင်းလင်း သိမြင်လိုက်တဲ့အတွက် ကျေးဇူးတင်ကြောင်းပြော ဖြစ်ပါတယ်။ တကယ်ကို အသက်အရွယ်နဲ့ မမျှအောင် သူမရဲ့ အသိဥာဏ်ကို ချီးကျူးမိတော့ သူမ စာများများဖတ်ကြောင်း၊ အထောက်အကူအများဆုံး စာကြည့်တိုက်ကတော့ သူမတို့ သင်တန်းက " ဗေဒါလမ်း " စာကြည့်တိုက်ဖြစ်ကြောင်း သိရပါတယ်။ ကျွန်မကလည်း စာပေ၀ါသနာပါသူဖြစ်တာ ကြောင့် စာကြောင်းပေကြောင်း ဆက်လက်ဆွေးနွေးသွားဖြစ်ပြန်ပါတယ်။ သူမဟာ ဂျပန်လူမျိုး " မုရှခရုအော့ " ရေးတဲ့ " မြန်မာပြည်က နားဆွဲလေး " စာအုပ်ကို ဖတ်ဖူးကြောင်းပြောတော့ ကျွန်မလည်းအလွန်ကို အံ့သြသွားမိပြန်ပါတယ်။ သူမရဲ့ စာပေအတိုင်းအတာဟာ တော်တော်ကလေး အားကောင်းနေပြီလို့ လည်း သတိထားလိုက်မိတယ်။ ဘာသာတရားတို့ နဲ့  ဆန့် ကျင်ဘက် စစ်မက် ရေးရာအကြောင်းများကို ပြောကြရင်း စစ်ဆိုတဲ့ အဓိပ္ပာယ်ကို တိတိကျကျ သူမက မသိပေမဲ့ လူတွေ တစ်ဦးနဲ့ တစ်ဦး သတ်ဖြတ်ကြတဲ့ အနိဌာရုံ တိုက်ပွဲသာဖြစ်တယ်လို့ ယူဆကြောင်းဆိုပါတယ်။ မိန်းကလေးတစ်ဦးဖြစ်တဲ့အတွက် အကြမ်းအရမ်းတိုက်ပွဲတွေနဲ့  ဆက်စပ်မှုမရှိခဲ့သော်လည်း " မြန်မာပြည်ကနားဆွဲလေး " စာအုပ်ကိုဖတ်မိတော့ " အင်ဖာ" တိုက်ပွဲအကြောင်း ပြည့်ပြည့်စုံစုံသိခဲ့ ရကြောင်း၊ မုရှခရုအော့ရဲ့  ရှင်းလင်းသော အရေးအသားများကြောင့် စစ်ကြောင့် သေဆုံးကုန်ရသော လူတွေရဲ့ ဖြစ်ရပ်ကို ကွက်ကွက်ကွင်းကွင်းမြင်ရသလို ခံစားရကြောင်း ပြောပြပါတယ်။ ဗုဒ္ဓရဲ့ အလို တော်နဲ့ ကြည့်ရင် အမြဲလိုလျက်သာရှိသော လောဘဆန္ဒတို့ ကြောင့် ရောင့်ရဲခြင်းမရှိတော့ဘဲ ဖြစ်ရ ကြောင်း ဆိုပါတယ်။ ဘယ်လိုအကြောင်းအရာပဲဖြစ်ဖြစ် နောက်ဆုံးမှာ တရားသဘောနဲ့ သာ ရှုမြင် တတ်တဲ့ သူမစရိုက်ကလေးကို ကျွန်မလေးစားမိသွားပါတယ်။ ဖလားဝါးမှာ အမြဲကျင့်သုံးတဲ့ အရာများရှိလေမလားလို့  မေးမိတော့- " မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား " ဆိုတဲ့ ဆောင်ပုဒ်ကလေးကို ရွတ်ပြပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမများထဲက သူမလို သာမန်လူသားများအတွက် အမြဲတမ်းကျင့်သုံး သင့်တဲ့ ကိစ္စဖြစ်တာမို့  ကျွန်မကိုလည်း လိုက်နာကျင့်သုံးကြည့်စေလိုကြောင်း လိုအပ်တဲ့အကြောင်း အရာတစ်ချို့ ကို ဘာသာပြန်ရေးပေးပါတယ်။ ဓာတ်တော်တိုက်ထဲမှာပဲ ဆွေးနွေးဖြစ်တဲ့အရာတွေက ခေါင်းစဉ်တပ်မရလောက်အောင် များပြားလွန်းပါတယ်။ နောက်ဆုံးပြန်ဖို့ ပြင်တော့ ကျွန်မလည်းပဲ ဖလားဝါးလို ကျုံ့ ကျုံ့ ကလေးထိုင် ပြီး ဗုဒ္ဓရဲ့ မွေတော်တို့ ကို သရဏဂုဏ်သုံးပါးရွတ်ဆိုပြီး ရှိခိုးလိုက်ပါတယ်။ လူတစ်ယောက်ရှင်သန်ကြီးထွားမှုတွင် သူမွေးဖွားရာ ပတ်ဝန်းကျင်သည် သူ့ အပေါ် လွှမ်းမိုးမှုရှိတတ်သည်မှာ ဧကန်ပင်။ ကျွန်မလတ်တလော စိတ်ဝင်စားမှုမှာ ဖလားဝါးလေး၏ အရိပ် ပင်ဖြစ်ပါသည်။ သူမကလေးအား လူလားမြောက်အောင် ပြုစုပျိုးထောင်ပေးသော မိခင်ဖြစ်သူကို တွေ့ ဖို့ ကြိုးစားမိပါသည်။ နက်မှောင်လှသော ဆံပင်သားများအား ထုံးဖွဲ့ ထားသော ကျက်သရေရှိလှသော ထိုအမျိုးသမီး ကြီး၏ မျက်ဝန်းများသည် ပကတိရိုးသားလှသည်။ သေစာရှင်စာသာ ဖတ်တတ်ခဲ့သော ထိုအမျိုးသမီး သည် သူမ၏ပညာမပြည့်ဝမှုကို သူမ၏ရင်သွေးငယ်တို့ အား လက်ဆင့်ကမ်း မပေးခဲ့ပေ။ သို့ သော် အရည်အချင်းပြည့်ဝသော မိခင်ပင်ဖြစ်သည်။ လူနေမှုတိုးတက်ခေတ်မီသည် ဆိုသော လူ့ အခွင့်အရေးအပြည့်အ၀ရသည်ဆိုသော တိုးတက်သော ကမ္ဘာ့ နိုင်ငံအနှံ့ အပြားမှ မိခင် များ၏ သားသမီးများကို ကျွန်မနှိုင်းယှဉ်မိလေသည်။ တကယ်တော့ အသိပညာဆိုတာ လူနေမှုဘ၀ကြီးထဲက ရှိနေ၊ ဖြစ်နေတဲ့အရာတွေကို ရှိနေ၊ ဖြစ်နေတဲ့အတိုင်း သိရုံသက်သက် မဟုတ်ဘဲ ကိုယ်သိနေ၊ တတ်နေတာကို ပုံစံသွင်းပေးလို့ ရတာ ကိုလည်း သိမြင်လိုက်ပါတယ်။ လူသားတစ်ယောက်ပီသစွာသော အတွေးအခေါ်၊ အပြုအမူတို့ နှင့် ငြိမ်းချမ်းစွာ ရှင်သန်နေ သော ခရေလို ပန်းပွင့်လေးကို မွေးထုတ်ပေးနိုင်သော မိခင်ဖြစ်သူ၏ စွမ်းရည်မှာ သာ၍ပင်ချီးကျူး ထိုက်ပေသည်။ တကယ်တော့ လူသားတာဝန်ဆိုတာ စီးပွားဥစ္စာတစ်ခုတည်းပေါ်တွင်သာ တည်နေ တာမှမဟုတ်ဘဲလေ။ ရှင်သန်စဉ် သက်တမ်းတစ်လျှောက်မှာ- မိမိခန္ဓာနှင့် တစ်ပါးသူအတွက် ကောင်းစွာဆောင်ရွက်ပေးခြင်း၊ ပျော်ရွှင်စေခြင်းတို့ သည် မိခင်များဖြစ်ကြသော အမျိုးသမီးတို့ ၏ အရည်အသွေးများပင်ဖြစ်လေသည်။ မြန်မာပြည်ကိုလာရတာ တော်တော်လေးကို တန်ဖိုးရှိသွားပါတယ်။ သင်တန်းကို ပြန်ရောက် တော့ ဆရာတော်ကို ဦးဓမ္မသာရကိုရှိခိုးရင်း ကျွန်မကို လိုလေးသေးမရှိအောင် စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါကြောင်း၊ ဘာသာတရာကိုလက်ကိုင်ရှိလာပြီဖြစ်တဲ့အတွက် တရားထိုင်ဖို့ လမ်းညွှန် ပေးရန် ထပ်မံတောင်းဆိုရပါတယ်။ အေးငြိမ်းရာအစကို ကျွန်မရှာတွေ့ ခဲ့တဲ့ ခရီးစဉ်လေးပါ။ ဒီလိုနဲ့ ကျွန်မပြန်ဖို့ ရက်ရောက်လာတော့ အဲဒီသင်တန်းကပဲ အစစကူညီပေးခဲ့ပါတယ်။ ကားဂိတ်ကိုလိုက်ပို့ ပေးတဲ့သူတွေထဲမှာ ဖလားဝါးကို ကျွန်မ မတွေ့ ခဲ့ပါဘူး၊ မပြန်ခင်တော့ သူမကို တွေ့ ချင်မိသေးတယ်။ သူမလိုထက်မြက်တဲ့ ဘာသာရေးအခြေခံကောင်းတဲ့ မိန်းကလေးမျိုးတွေ မြန်မာပြည်မှာ ဘယ်လောက်များပေါလိုက်လေမလဲ။ ဒါဟာ မြန်မာပြည်မှာ လူဖြစ်ခွင့်ရတာ ဂုဏ်ယူ စရာကောင်းတဲ့ထဲက တစ်ခုပေါ့။ ဖလားဝါးကို ယဉ်ကျေးသိမ်မွေ့ သူတွေ မွေးထုတ်နေသ၍ ကမ္ဘာမှာ မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်ဟာ ထင်ရှားဦးမှာ အမှန်ပါပဲ။ အတွေးတွေနဲ့  ငေးနေတဲ့ ကျွန်မနားထဲ နားဝင်ချိုတဲ့ အသံလေးကို ကြားရပါတယ်။ မျက်ဝန်း နက်နက်ကလေးများ တဖိတ်ဖိတ်တောက်လို့  ကျွန်မက အစစအရာရာအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ နောက်ပြီး ကျွန်မကိုခေါ်တဲ့အမည်ကို ဘာသာပြန်ပေးဖို့ တောင်းဆိုတော့- သူမ ပြုံးလိုက်တာကို တွေ့ ရပါတယ်။ အင်္ဂလိပ်လို " Mother " လို့ အဓိပ္ပာယ်ရကြောင်း၊ သူမက မြန်မာလို " အမေ" လို့ အားရပါးရ ခေါ်ခဲ့တာဖြစ်ကြောင်းပြောတော့ ကျွန်မရင်ထဲ လှိုက်ခနဲ ဖိုသွားမိတယ်။ ကျွန်မတသက် သူ့ မိခင်လို မိခင်ကောင်း မဖြစ်နိုင်လောက်တော့ဖူးလို့  ၀မ်းနည်းနေမိခဲ့တာပါ။ ခုတော့……ခုတော့…ဖလားဝါးက အံ့သြတုန်ရီစွာနဲ့  သူမကိုကြည့်မိပြန်ပါတယ်။ သူမက ကျွန်မအတွက် လက်ဆောင်ကလေး ပေးပါတယ်။ ရင်းရင်းနှီးနှီးရှိလှတဲ့ မြန်မာတွေရဲ့ တုံ့ ပြန်မှုက မလေးစားဘဲ မနေနိုင်အောင်ပါပဲ။ ကားထွက်ခါနီးမို့  မြန်မာအမေတွေက သူတို့ ရဲ့ ကလေး(အထူးသဖြင့် မိန်းကလေး)တွေကို ဘယ်လို ခေါ်သလဲလို့  ကျွန်မသိချင်တာကို မြန်မြန်မေးမိပါတယ်။ " သမီး " တဲ့လား။ သမီးပေးတဲ့ လက်ဆောင်ထုပ်လေးကို ထုတ်ကြည့်လိုက်တော့ Snow in the Summer ဆိုတဲ့ စာအုပ်လေးပါ။ Meditation ယူတော့မည့် ကျွန်မအတွက် အများကြီးအကျိုးပြုနိုင်မယ်လို့ မျှော်လင့် ကြောင်း သူမက ဆိုပါတယ်။ ကျွန်မစာအုပ်လေးကို မြတ်နိုးစွာ ထွေးပွေးထားရင်း ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်ခံယူချက်တွေနဲ့  လိမ္မာလှတဲ့ မြန်မာမလေးတစ်ယောက်ရဲ့ လက်ဆောင်လေးကို တသက်လုံး တန်ဖိုးထားသိမ်းသွားမှာပါလို့  ကတိပေးခဲ့မိပါတော့သည်။ ဧပရယ်ဆွေဆွေ

0 comments: