Images

မာယာလရောင်




မရိုးသားတဲ့စိတ်နဲ့  ငါ့ဥယျာဉ်ထဲဝင်ပြီး
အပင်ပျိုးဖို့  စိတ်မကူးလေနဲ့ 

ညာတတ်တဲ့အပြောနဲ့  ငါ့ပန်းတွေပွင့်အောင်
ရေလောင်းဖို့  မတွေးမိလေနဲ့ 

ညစ်ထေးထေးအချစ်နဲ့  ငါ့အိပ်မက်အသီပွင့်တွေကို
ဆွတ်ယူဖို့  မကြိုးစားလေနဲ့ ။

တကယ့် တကယ်တစ်နေ့ 
အချစ်ဆိုတာမျိုးနဲ့ တွေ့ ခဲ့ရင်
နင့်ကန္တာရ မခြောက်သွေ့ ဖို့ ဘဲ ငါဆုတောင်းတယ်။
နင်ဆွတ်မှ ညွှတ်မယ့်လရောင်မှာ
ငါခြေစုံပေါက် ကောက်ကောက်ပါဖို့ 
လားလားမှ မဖြစ်နိင်လို့ ပါကွယ်။

              ဧပရယ်ဆွေဆွေ

0 comments: