Images

ဆန္ဒ



-နင်ငါ့ကိုအိပ်မက်ထဲထိ
ဆွဲခေါ်စရာမလိုပါဘူး။
တရေးနိုးရင်ပဲ
အမှတ်ရနေစေချင်တာ။

-နင်ငါ့ကိုတွေ့တိုင်း
လွမ်းပြနေစရာမလိုပါဘူး။
နင့်ရင်ထဲမှာပဲ
အမြဲရှိနေစေချင်တာ။

-နင်ငါ့ကိုအချိန်တိုင်း
သတိရဖို့မလိုပါဘူး။
မကြာမကြာပဲ
နင့်အတွေးထဲမှာပဲနေစေချင်တာ။

-နင်ငါ့ကိုမခွဲနိုင်လို့
ငိုနေစရာမလိုပါဘူး။
ဝေးနေရတဲ့အချိန်တွေမှာ
ကြားစကားတွေကိုပဲ
မျက်ကွယ်ပြုနေစေချင်တာပါ။

-နင်ငါ့ကိုသေလောက်အောင်
ချစ်ဖို့မလိုပါဘူး။
တသက်စာမပြယ်တဲ့အထိပဲ
ချစ်နေစေချင်တာပါ။

ဧပရယ်ဆွေဆွေ

1 comments:

Unknown said...

ကဗျာေ၇းတဲ့သူ နဲနဲများအတ္တကြီးနေသလိုပဲ..။ကောင်းပါတယ်။အချစ်ဆိုတာဟာလည်းအတ္တပုံဆောင်ခဲတစ်ခုပဲလေ..။