Images

ရင်ကွဲတေး



မျှော်လင့်ဖူးပါတယ်
ဖြစ်မလာတော့လည်း
အပြစ်မတင်လိုတော့ပါဘူး။

ယုံကြည်ဖူးပါတယ်
ပြိုလဲသွားတော့လည်း
မတတ်နိုင်တော့ပါဘူး။

အခွင့်အရေးဆိုတာ
နှစ်ခါမလာတတ်တာသိပေမဲ့
မဖမ်းဆုပ်နိုင်လိုက်ခြင်းအတွက်
ငါ့ကိုယ်ငါလည်း
ခွင့်မလွတ်ပါဘူး။

ဧပရယ်ဆွေဆွေ

0 comments: