သက်ရောက်မှု
မချစ်တတ်တော့တဲ့
နှလုံးသားဟာ
နင်နဲ့ တွေ့ မှ
ဗလောင်းဆန်ခဲ့တယ်
နင့်ခနဲ တမ်းတမိတိုင်း
နှလုံးသားမှာ
နင့်ပုံရိပ်တွေက
တနင့်တပိုး
ထင်ဟပ်ရင်း
ခံစားချက်တွေကို
ရောင်ပြန်ဟပ်စေတယ်........
တစထက်တစ.....
ရင့်နက်လာတဲ့
အရောင်တွေကြားမှာ
ငါ့အနာဂတ်တောင် ခပ်ဝါးဝါးဖြစ်သွားလေရဲ့............
0 comments:
Post a Comment