ဧပရယ်
ဧပရယ်
-
မင်းကို တစ်ညလုံးထိုင်လွမ်းနေရတာ
ငါ့မှာ ဘာမှ မမြင်ရတော့ဘူး။ ငါ့အတွက်တော့ " ၀င်းဝင်းလတ် " ရဲ့  အချစ်၏နောက်ဆက်တွဲ
စာမျက်နှာထဲက ဒေါက်တာ ခင်ဦးနွယ်ဟာ မင်းပါ။ Michelle Pfiffer ဟာလည်း မင်းပါပဲ။ နီကိုရဲ
ရဲ့ မကြည်ပြာထက်တောင် ငါမင်းကို ပိုချစ်တဲ့ကောင်ပါ။ Romanticism ထဲမှာ မင်းကို ငါအကြိမ်ကြိမ်သရုပ်ဖော်
ရေးဆွဲခဲ့ဖူးတယ်။ အဲဒီညကပေါ့။ ငါမန္တလေးမြို့ ကြီးကို အိပ်မက်မက်တယ်။ ကံဆိုးတဲ့လမ်းကြောင်းပေါ်မှာ
ငါကဇလီဖား တုံးတွေလို ကန့် လန့် ကြီးဖြတ်နင်းခံလိုက်ရတယ်။
ဧပရယ်-
မင်းသာ မြနန္ဒာလိုမိန်းမတစ်ယောက်ဖြစ်ခဲ့ရင်
ကောင်းမှာ၊ မင်းခိုက်စိုးစံက ပြောတယ်။ စံပယ်တွေ တ၀ုန်းဝုန်း ရွာကျခဲ့ပြီတဲ့။ ဒါပေမဲ့
ငါဆိုတဲ့ကောင်က ရန့ံလေးတစ်ခုတစ်လေတောင် စိုစွတ်ခွင့်မရခဲ့ဘူး။ တကယ်တော့ မလွန်ဘူး ထင်ပါတယ်။
မင်းက ခရေထက် စံပယ်ကိုသာမြတ်နိုးတဲ့သူကိုး။ နဂိုကတည်းကမှ နောက်ဆုတ်ဖို့ မစဉ်းစားခဲ့တာ။
တစ်ခါတစ်လေလည်း ကိုယ့်ကိုကိုယ်ပြန်ထွင်း ထုတ်ခဲ့ရတာရှိတယ်။ မင်းသာမရှိရင် ငါတို့ ရဲ
့ခေတ်မှာ တိုးတက် ပြောင်းလဲလာဖို့ တောင် မမြင်ဘူး။ ငါစိတ်ကူးက အိုမာခယမ်းနဲ့ တစ်ထပ်တည်းကျပါတယ်။
အဓိကကတော့ မင်းသာ ရှိနေစေချင်တာပါ။
" မင်းတိုက်ခတ်သွားတဲ့ ငါ့ပင်လယ်ပြင်ဟာ
မုန်တိုင်းတစ်ခုလို ပြင်းထန်တယ်
ရိုင်းစိုင်းဖွာလန်ကျဲတဲ့ လှိုင်းတွေလို
ငါ့ရင်ကိုခွဲသွားတယ်"
ငါ့ကအချစ်ကို မျက်ရည်နဲ့ ပုံဖော်ပြဖို့ 
မကြိုးစားခဲ့ပါဘူး။ မင်းမျက်ဝန်းတွေကို မျှော်လင့်လိုက်ရတာ နွမ်းလျမော ပန်းလှပြီ။ ဒါတောင်
အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့ရဖူးတယ်။ မင်းကိုချစ်တဲ့စိတ်ဝင်လာကတည်းက ငါ့မနက်ဖြန်တွေ
အားလုံး မင်းအတွက် ရဲဝံ့စွာဖူးပွင့်ခဲ့ပါတယ်။ မင်းစိုက်ခဲ့တဲ့ သစ်ပင်တိုင်းကို ချစ်တတ်လာအောင်လည်း
ကြိုးစားခဲ့ပါ တယ်။
ဧပရယ်-
မြူမှုန်တွေဖုံးအုပ်နေတဲ့အချိန်မှာတောင်
ကောင်းကင်က သက်တန့် ကိုငါစောင့်မျှော်နေဖူးတယ်။ အဲဒါကြောင့် တစ်ခါတစ်လေမှာ နှင်းမိုးတွေအနှံ
့ရွာသွန်းတာတောင် ငါ့ကမ္ဘာမှာ မီးလောင်ခံနေရတုန်းပဲ၊ အဲဒီအခါမျိုးမှာ မင်းနံမည် ကိုသာ
သီချင်းတစ်ပုဒ်လို အကြိမ်ကြိမ်ရွတ်ဆိုခွင့်ပေးပါ။
ဧပရယ်-
ခါးသီးလှတဲ့ ဒုက္ခဆိုတာကို မင်းခွံ့ ကျွေးမဲ့
ချိုချဉ်တစ်လုံးလိုပဲ ထင်ခဲ့ပါတယ်။ မင်းကတော့ တောင်ပံတစ်စုံ အားကိုးနဲ့ ပဲ လေနတ်သားတွေရဲ
့ဂီတကို မျောပါခုန်မင်ကောင်းတုန်းထင်တယ်။ ငါ့မှာတော့ မုတ်သုံရာသီတစ်ခုလုံးကို ၀ါးမျိုထားရသလို
အပျက်ပျက်နဲ့ လေပွေတွေကြားမှာ အစအနတောင်ရှာမရခဲ့ဘူး။
ငါ့စိတ်အာရုံနဲ့ သာမင်းကို ဆက်သွယ်ခွင့်ရခဲ့မယ်ဆိုရင်
ငါ့ကဗျာတွေ စာသားတွေ သံစဉ်တွေ မင်းကိုဖွင့်လှစ် ပြချင်တယ်။ ငါကို ရေလွှမ်းခဲ့တာမင်းပါ။
ငါ့ရှုခင်းတွေကို ကြက်ခြေခတ်ခဲ့တာလည်း မင်းပါ။ ငါက မင်းရဲ့ စကားသံလေး ကိုတောင် သုံးနှစ်ကြာအောင်
စောင့်ဖူးတဲ့ကောင်လေးပါ။ ဒဏ်ရာဒဏ်ချက်တွေကြားမှာ မင်းမျက်ဝန်းတွေကို မြတ်နိုး ရစ်ဖွဲ
့ခဲ့ဖူးတယ်။
မင်းကို တွေ့ ရဖို့ လည်း အမြဲတမ်းစောင့်မျှော်နေခဲ့ရဖူးတယ်။
သိပ္ပံလမ်းက တံတားပေါ်မှာလည်း အချိန်တွေ ကုန်ခဲ့ရဖူးပါတယ်။ အဲဒီအကြောင်းကို ပြန်လွမ်းပြရရင်
ထမင်းစားဖို့ တောင် မေ့မေ့သွားတဲ့အထိပေါ့။ မင်းကိုစောင့်နေ တုန်း လေယာဉ်ပျံတွေ တစ်စီးပြီးတစ်စီးတက်သွားတာကိုလည်း
လိုက်ရေနေခဲ့ဖူးတယ်။ မင်းကိုတွေ့ လိုက်ရတဲ့အချိန် တွေမှာ ရီဝေအုံ့ မှိုင်းနေတဲ့ မင်းမျက်ဝန်းတွေကို
လွမ်းလိုက်ရတာ။ မင်းထွက်သွားပြီဆိုရင်တော့ နေ၀င်သွားသလိုပဲ ခံစားရပါတယ်။
ငါမင်းဆီက နွေးထွေးတဲ့အချစ်ကို တောင့်တခဲ့တယ်။
တန်ဖိုးထားမှု၊ လေးစားအထင်ကြီးမှုဆိုတဲ့ မီးရောင် အောက်မှာ ငါမင်းကိုယ်ပေါ်ဖြာကျသွားအောင်
ချစ်မိပြီ။ မိခင်တစ်ယောက်ရဲ့ ကြင်နာမှုမျိုးပေးပါ။ မင်းတပည့်တွေကို ပေးတဲ့ မေတ္တာတရားမျိုးပေးပါ။
ချစ်သူတစ်ယောက်ရဲ့ ယုယမှုမျိုးပေးပါ။
ငါ့အိပ်မက်ထဲမှာတောင်
မသိချင်ဘူး။ တားမြစ်ထားတဲ့ ဥယျာဉ်တော်မှာ ပထမဆုံးသစ်သီးကို စားမိခဲ့သူက ငါပါ။ ဧပရယ်ရာ
မင်းရဲ့ တေးသွားကိုသာ ငါဖော်ကျူးဖို့ ကြိုးစားနေဆဲပါ။ မင်းကအသည်းမာသလို ငါကလည်း ဇွဲမာတဲ့
သူပါ။ အဖြစ်အပျက်တွေက ဒဏ္ဍာရီလာအတိုင်းပဲ။ မင်းကိုမြင်လိုက်ရတိုင်း ရစ်ခ်ျတာစကေးအမြင့်ဆုံး
ငလျင်က ငါ့ရင် ကို အဖျားခတ်သွားခဲ့ပြီ။ ငါ့ကိုယ်ငါ တက်နင်းခံရတော့မယ့် သစ်ရွက်ခြောက်
ကြွပ်ရွရွတစ်ရွက်လိုပဲ မြင်ယောင်မိတယ်။ အစိတ်စိတ်အမွှာမွှာ အက်ရာအပြိုင်းပြိုင်းထနေတဲ့
ဖန်ခွက်တစ်လုံးကို လွတ်ချခံရသလို တလှိုက်လှိုက်နဲ့ပေါ့။ တွေ့  လိုက်တဲ့နေ့ မှာ ငါကဗျာတစ်ပုဒ်အတိုင်းဖြစ်သွားတယ်။
တကယ်ကို အရူးအမူးပါပဲ။ ငါ့မှာ အသည်းကွဲခွင့်တောင် မရခဲ့ ပါဘူး။
လျှို
့ဝှက်ချက်ရဲ့ ကြားကို
လှည့်ဖျားလျက်ရောက်လာတဲ့ရက်က
မိုးနှင်းမှုန်တွေကြားမှာ…
နင်ပြုံးနေလား။
ဟုတ်လိမ့်မယ်
ငါ့မှာတော့
အသဲမကွဲ ညည်းတွားချက်တွေထဲမှာ
အပြုံးတွေပျောက်ကွယ်
အရက်တွေသောက်ချင်လောက်အောင်
ညနေခင်းတွေကြားထဲ
မူးလဲတာ
မိုးရေတွေရွဲကုန်မှ
အိမ်ပြန်ရောက်တော့တယ်။
ငါဘယ်တော့မှ
ကံကောင်းမှုဆိုတာ မရှိခဲ့ပါဘူး။
သူတို
့က ကံအဆိုးဆုံးလူလို့ လည်း သတ်မှတ်ကြတယ်။ ရယ်မောသူကရယ်မော၊ လေးစားသူက လေးစားနဲ့  ငါ့ဝိ၀ါဒတွေ
ဥဒါန်းတွင်အောင် ကွဲပြားသွားတယ်။ ပိုင်ရှင် မသိတဲ့ ဓာတ်ပုံတစ်ပုံရယ်၊ ကဗျာတွေရယ်၊ ကက်ဆက်ခွေ
တစ်ခွေရယ်နဲ့ ရောပြီး မီးခံသေတ္တာအပျက်တစ်လုံးရဲ့ သော့ ကိုဖျက်ပြီး ငါထည့်လိုက်တယ်။
ပုန်းကွယ်စရာသစ်ပင်တစ်ပင်သာရှိရင်တော့
ငါမင်းကိုစောင့်ကြည်ချင်ပါသေးတယ်။ ငါ့လမင်းရေ သနပ်ခါးနံ့ သင်းသင်းရတိုင်း မင်းကိုလွမ်းတယ်။
ရယူဖို့ မဖြစ်နိုင်တော့ရင်တောင် ငါမင်းကိုချစ်တယ်။ ပေးဆပ်ဖို့ သက်သက် အတွက်လည်း မဟုတ်ဖူး။
မင်းကိုချစ်နေရပါတယ်။
မင်းကိုလွမ်းတဲ့အချိန်မှာ
မင်းနာမည်ကို ဗလာစာအုပ်ပြည့်အောင်ချရေးလိုက်တယ်။ ပြီးတော့ မိုးကောင်းကင် (သို့ ) မြေကြီးရဲ
့တစ်နေရာကိုရောက်တယ်။ ဘုရားကြီးကိုလည်းရောက်တယ်။ လိုင်းပေါ်ကိုလည်း မင်းရှိနေမလားဆို
တဲ့အတွေးနဲ့ ရောက်တယ်။ ငါ့ကို လူရာမသွင်းလည်း ငါကတော့အမြဲလာနေမှာပါ။ ငါကိုယ်ငါပြန်ဆယ်
ယူဖို့  ကြိုးစား လိုက်တာ ကြာပင်တွေရဲ့ အလှကိုဖျက်ဆီးသလိုတောင်
ဖြစ်ခဲ့ပေါ့။ ဘာပဲဖြစ်ဖြစ်
ငါက
မီးတောက်ကို လိုချင်တဲ့ကောင်ပါ
မိုးတိမ်ကိုလည်း
မစွန့် လွတ်နိုင်ဘူး
မင်းသာခရေတွေလို
ပွင့်ပြခဲ့ရင်
ငါလေ
…လွင့်ခဲ့ရတာ တန်တယ်။
တကယ်တော့…
ပန်းတိုင်ဆိုတာ
ငါမရောက်ဖူးတဲ့အရပ်ပါ။
ကြယ်ပွင့်တွေ
ခြံရံထားတဲ့ နတ်သမီးကို တွေ့ ရဖို့  သိပ္ပံလမ်းကို သွားခဲ့ပါတယ်။ တံတားပေါ်မှာထိုင်ရင်း
လေယာဉ်ပျံတွေတစ်စီးပြီးတစ်စီး လိုက်ရေနေမိတယ်။ အဲဒီအချိန် ငါ့ညနေခင်းမှာတော့ နေ၀င်သွားခဲ့ပြီဖြစ်တယ်။
မင်းကိုချစ်မိခဲ့တဲ့နေ့ မှာ ငါ့ကိုမွေးဖွားပြီး
အဲဒီနေ့ မှာပဲ ငါသေဆုံးခဲ့ပါတယ် ဧပရယ်။
0 comments:
Post a Comment