Images

To Lover.......


ချစ်သူ
ဘယ်တော့မှ
ဆိုးရွားတဲ့မဲ့ပြုံးတွေနဲ့
မပြုံးပါနဲ့
ငါ့နှလုံးသားက
ခံနိုင်စွမ်းမရှိလိုပါ

ချစ်သူ
ဘယ်တော့မှ
စိမ်းကားတဲ့မျက်လုံးတွေနဲ့
မကြည့်ပါနဲ့
ငါ့နှလုံးသားက
မြင်နိုင်စွမ်းမရှိလိုပါ

ချစ်သူ
ဘယ်တော့မှ
အမုန်းတေးကိုမသီပါနဲ့
ငါ့နားနှစ်ဖက်က အချစ်အကြောင်းပဲ
ကြားချင်တာမို့ ပါ။


ချစ်သူ
ဘယ်တော့မှ
ဝေးရမယ့်အကြောင်းကို
မပြောပါနဲ့
ငါ့လက်တွေက အမြဲ
နင်လက်ထဲမှာရှိနေမှာမို့ ပါ။

ချစ်သူ
ဘယ်တော့မှ
ကြားစကားတွေကို
မယုံပါနဲ့
ငါ့အချစ်ကဘယ်တော့မှ
ယိုင်နဲ့သွားမှာမဟုတ်လို့ပါ

ချစ်သူ
ဘယ်တော့မှ
ငါ့ကိုမနှုတ်ဆက်ပါနဲ့
တို့နှစ်ယောက်ဘယ်တော့မှ
ဝေးမသွားနိုင်လို့ပါ

ချစ်သူ
……………….
………………
ငါ့အချစ်တွေကို
ပြန်မရုပ်သိမ်းနိုင်တော့လိုပါ။

ဧပရယ်ဆွေဆွေ

0 comments: