Images

ကြွေကျသွားတဲ့ အိပ်မက်





နင့်အသံနဲ့ သံစဉ်တစ်စင်းက ငါ့ရင်မှာစီးမျောရင်း  
ဒဏ်ရာရနေခဲ့တယ်။ 
မြစ်နှစ်စင်းဖြစ် တို့ တွေစီးဆင်းကြတဲ့အခါ 
မဆုံနိုင်တဲ့ မျဉ်းပြိုင်လိုဘဲ 
ဘယ်လောက်ထိ သက်ဆင်းကျမယ်ဆိုတာ 
နင်နဲ့ ငါပဲ သိမယ်ထင်တယ်။ 
နင့်နာမည်နဲ့ လတစ်စင်းဟာ ငါ့ရင်မှာထွန်းလင်းရင်း 
ကြေကွဲနေခဲ့တယ်။ 
ငါတို့ ရဲ့  ဆွတ်ခူးရာသီကို မျှော်မိလေတဲ့အခါ 
ခါးသက်တဲ့ မနက်ဖြန်လိုဘဲ 
ဘယ်လောက်ထိ ပုပ်အက်နေကြမယ်ဆိုတာ 
နင်နဲ့ ငါပဲ သိမယ်ထင်တယ်။ 
ခုတော့…… 
အလွမ်းတွေသာ မျက်ဝန်းမှာလျှံကျ 
စိုက်ပျိုးဆဲအနာဂတ်မှာတင်ပဲ 
ငါတို့ ရဲ့ အိပ်မက်တွေလည်း ကြွေကျသွားခဲ့ပေါ့။

ဧပရယ်ဆွေဆွေ



0 comments: