Images

wind…….wind………..wind


လူသားတို့ ရဲ့  essential ။
ကမ္ဘာမြေရဲ့  best friend ။
သစ်ပင်များရဲ့  super food။
လူသားတွေက တစ်နေ့ မှာ ရေချိုးဇလား 150 ဆန့် တာနဲ့ တူသော လေ 14000 လီတာလောက် ခန္ဓာကိုယ်ထဲကို ရှုသွင်းနေတယ် ဆိုတာ သင် သတိထားမိပါသလား။
တစ်နေ့ ကို အကြိမ်ပေါင်း 26000 မျှ အသက်ရှူနေသော လူတစ်ယောက်အတွက် လေဟာ သန့် ရှင်းဖို့ လိုအပ်ပါတယ်။ လေထုကို သဘာဝအားဖြင့် သန့် စင်ပေးတာက ဓာတ်မအိုင်ယွန်တွေပါ။ ခုတော့ လူတွေရဲ့ ပယောဂများကြောင့် လေထု ဟာညစ်ညမ်းလာပြီး လူတွေကို အန္တရာယ်ပြုလာပါပြီ။
တရုတ်မှာ ထူထပ်စွာကျဆင်းနေသည့် မီးခိုးမြူများသည် ကောင်းကင်တစ်ခွင်ပိန်းပိတ်နေသည်မှာ ကြောက်စရာအဖြစ် ပင်ဖြစ်နေပြီး ၄င်းအဖြစ်သည် လူသားတို့ အတွက် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများနှင့် အဆုတ်ရောဂါ တို့ ဖြစ်စေတော့မည်။
တရုတ်နိုင်ငံတွင်မှမဟုတ်။ နိုင်ငံတကာမှ စက်ရုံများ၊ မော်တော်ကားများတိုးတက်များပြားလာနေရာ လေထုညစ် ညမ်းမှုသည် တစ်နေ့ ထက်တစ်နေ့  ပိုမိုဆိုးရွားလာနေပါတယ်။
တရုတ်နိုင်ငံတစ်ဝန်းမှ လေထုညစ်ညမ်းခြင်းများသည် သမုဒ္ဒရာကိုဖြတ်ကာ ဂျပန်သို့ ဝင်ရောက်ခဲ့တယ်။ဂျပန်တောင်ပိုင်း ကျူရှူးကျွန်းအထက်တွင် မီးခိုးမြူပျံ့ နှံ့ မှုသည် သိပ်သည်းဆအမြင့်ဆုံးဖြစ်သည့်အတွက် ဖေဖော်ဝါရီ ၄ ရက်နေ့ တွင် ကလေးများနှင့် နာမကျန်းသူများအတွက် ကျန်းမာရေးသတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်။
ဂျပန်အနောက်ပိုင်းတွင် လေထုညစ်ညမ်းမှုသည် အစိုးရကန့် သတ်မှုအတိုင်းအတာထက် ပြီးခဲ့သည့်ရက်အနည်းငယ် အတွင်း ကျော်လွန်ခဲ့ပြီး သေးငယ်သည့်အမှုန်များပါဝင်နေသည်ဟု သဘာဝပတ်ဝန်းကျင် လေ့လာမှုဆိုင်ရာ အမျိုးသား သိပ္ပံမှဆိုထားပါသည်။
တရုတ်နိုင်ငံတွင်မူ စီးပွားရေးလုပ်ငန်းရှင် ချင်ကွမ်းပျောင်က..
လေကောင်းလေသန့် ကို ဘူးဖြင့်ထည့်၍ တစ်ဘူးလျှင် ဆင့် 80 ဖြင့် ရောင်းချနေကြောင်း Bri-sbane Times က ဖော်ပြထားသည်။ တိဘက်နှင့် တိုင်ဝမ်အပါအ၀င် ဒေသအများအပြားတွင် လူကြိုက်များကြောင်း" သဘာဝ ပတ်ဝန်း ကျင် ပျက်စီးယိုယွင်းမှုကို ခုကတည်းက ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမယ်။ မဟုတ်ရင် နောင် အနှစ်20-30 ကြာရင် ကျွန်တော်တို့ မျိုးဆက်တွေ ဓာတ်ငွေ့ ကာ ခေါင်းစွပ်တွေ၊ အောက်ဆီဂျင်ဘူးတွေ ဆောင်ရလိမ့်မယ်..လို့  " ထိုစီးပွားရေး သမား မစ္စတာချင်ကဆိုပါသည်။
ဒါဆို တရုတ်နဲ့ အနီးဆုံး ကျွန်မတို့ မြန်မာနိုင်ငံအတွက်ရော။…………
ဆင်းရဲသော၊ နလန်ထူစဖြစ်သော၊ ဒီမိုကရေစီလမ်းကိုလျှောက်ကာစ မြန်မာနိုင်ငံမှာကော ဘယ်လိုကာကွယ်ကြမလဲ။ အလုပ်လုပ်စားရတာတောင် မလွယ်တာ။ အသက်ရှူဖို့  လေပါဝယ်ရမယ်ဆိုရင်တော့…….
ဘာလုပ်ကြမလဲ။
ခုဆိုရင် ကားဈေးတွေက အရင်ကထက်စာလျှင် ဈေးကျလာတာမို့  ခုဆိုလမ်းတွေပိတ်ဆို့ မှုတွေဖြစ်လာပါတယ်။ သူတို့ များပြားလာမှုက လေထုမှာ ကာဗွန်မိုနောဆိုဒ်တွေများလာမှာဆိုတာတော့ သတိပြုမိဖို့ လိုပါသည်။
အနုတ်သဘောဆောင်ပြီး အနံ့  အရသာ လုံးဝမရှိတဲ့ လူသားတို့ ရဲ့  6 ထရီလီယံသောဆဲလ်များအတွက်လိုအပ်သော ဓာတ်မအိုင်ယွန်တွေဟာ မြို့ ပြတွေမှာ လေ 1 ကုဗစင်တီမီတာမှာ 20 မှ 50 သာရှိတော့သည်။
ခုလတ်တလော ဖြေရှင်းနိုင်သည့်အချက်က
လူတွေ မိမိပယောဂကြောင့် ပတ်ဝန်းကျင်မထိခိုက်အောင် သတိထားမိဖို့ လိုပါသည်။
နောက်တစ်ချက်က
လေကောင်းလေသန့် ရှိမဲ့နေရာကို ရွေးနေတတ်ဖို့ လိုလာပါသည်။
တောတောင်ဒေသတွေမှာ ဓာတ်မအိုင်ယွန်တွေ လေ 1 ကုဗစင်တီမီတာမှာ 500 မှ 600
ရေတံခွန်ရှိတဲ့နေရာတွေမှာ လေ 1 ကုဗစင်တီမီတာမှာ 1000 မှ 1500
ပင်လယ်ကမ်းခြေတွေမှာ လေ 1 ကုဗစင်တီမီတာမှာ 1000 မှ 15000 ထိရှိပါတယ်။ အဲဒီနေရာမျိုးတွေမှာ ရွေးနေကြရအောင်ကလည်း………အင်း………….
ကျွန်မ ဒီစာကိုရေးတာ တကယ်တွေးတွေးဆဆနဲ့ ရေးတာပါ။ သိပ်စိတ်မ၀င်စားသူတွေအတွက်တော့ ဟာသတစ်ပုဒ်ဖြစ် ချင်ဖြစ်မယ်။ အတားအဆီးမဲ့ ၊ အကာအရံမရှိတဲ့ တရုတ်ကောင်းကင်ကြီးဆီက ဂျပန်နည်းတူ မြန်မာနိုင်ငံကိုရောက်လာ နိုင်သည်လေ။
ကျွန်မတို့ နေထိုင်တဲ့ ကမ္ဘာမြေကြီးက လုံးဝန်းသော သဏ္ဍာန်ရှိပြီး အချင်းက 12800 Km ခန့် ရှိပြီး 1000 Km တိုင်အောင် လေထုက လွှမ်းခြုံထားတာပါ။ ကမ္ဘာမြေပြင်ကအထက် 30 Km အတွင်းမှာ ရှိတဲ့ လေထုရဲ့  99 % က ဓာတ်ငွေ့ တွေပေါင်းစပ်ပါဝင်ပါတယ်။
အောက်ဆီဂျင် 21%
နိုက်ထရိုဂျင် 78 %
အာဂွန် 0.9 %
ကာဗွန်ဒိုင်အောက်ဆိုဒ် 0.03 %
အခြားဓာတ်ငွေ့  0.07 % ပါဝင်သည်။
လေထုထဲမှာ နောက်ထပ်စုပုံနေသော အရာက မီသိန်းဓာတ်ငွေ့ ပါ။ ကာဗွန်ထက်ပင် ကမ္ဘာကြီးပူနွေးစေတဲ့ အာနိသင်ရှိ တဲ့ ဓာတ်ပစ္စည်းပါ။

အဲဒီလို ဓာတ်ငွေ့ တွေပါဝင်တဲ့ လေထုနဲ့ နီးစပ်တဲ့ ကမ္ဘာမြေမှာတော့ လူ၊ သတ္တ၀ါနဲ့  သစ်ပင် တွေ ရှိနေသည်။ ဒီကြားထဲခရမ်းလွန်ရောင်ခြည်အန္တရာယ်ကာကွယ်ပေးသော အိုဇုန်းလွှာထိခိုက်လာမှု၊ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်များ လာမှုကြောင့် ဖန်လုံအိမ်အာနိသင်ဖြစ်ပေါ်ကာ ကမ္ဘာကြီးပူနွေးလာမှု၊ စက်မှုရေဆိုးများ စွန့် ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှု၊ ဓာတုပစ္စည်းများ လွန်ကဲစွာအသုံးပြုမှုကြောင့် မြေဆီလွှာပျက်စီးမှု စသည်တို့ က လူ့ ပယောဂများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးလာသည့်အကြောင်းများဖြစ်သည်။
ကမ္ဘာကြီး ပူနွေးလာမှုကြောင့်
2005 မှာ အရှေ့ တောင်အာရှမှာ ဆူနာမီ
2008 မှာ မြန်မာမှာ နာဂစ်မုန်တိုင်း ၊ တရုတ်မှာ စီချွမ်ငလျင်
2010 မှာ ဟေတီငလျင်၊ ရုရှားနှင့် အမေရိကန်မှာ တောမီးလောင်မှုများ
2011 မှာ ဂျပန်ငလျင် စသဖြင့် ဖြစ်ခဲ့သည်မဟုတ်ပါလား။
လူ၊ အပင် နှင့် သတ္တ၀ါတို့ သည် သဘာဝပတ်ဝန်းကျင်နဲ့ ဟန်ချက်ညီစွာ အပြန်အလှန်ဆက်နွယ်ချက်ရှိသည်။ လူ့ ပယောဂ ကြောင့် ဂေဟစနစ်များပျက်စီးခြင်းမရှိရအောင် စောင့်ရှောက်ပေးမှသာ သတ္တလောကကြီး အရှည်တည်တံ့ မည်ဖြစ်ပါတယ်။ လူသားတို့ ကလည်း တစ်ယောက်ကအစ ဆိုသလိုပင် တတ်နိုင်သမျှ ပတ်ဝန်းကျင်ကြီး သန့် ရှင်းဖို့  အတွက် ကျရာနေရာလေးမှ ပါဝင်ဆောင်ရွက်ထားဖို့ လိုနေပြီဖြစ်ကြောင်း……………………….

ဧပရယ်ဆွေဆွေ

0 comments: