
လှော်တက်ပဲ့ပြင် မပိုင်စိုးလျှင်
ဦးတည်လမ်းပျောက် လှေသို့ ပင်။
ဆင်သို့ ချွန်းမျိုး မပိုင်စိုးလျှင်
တောသို့ ရမ်းဝင် ဆင်သို့ ပင်။
ဇတ်မှထိန်းကြိုး မပိုင်စိုးလျှင်
ထင်ရာစိုင်းမည့် မြင်းသို့ ပင်။
အသိချိန်းကြိုး မပိုင်စိုးလျှင်
အမိုက်နင့်သွင် မရှိသည့်ပြင်
အမှားလမ်းဆက် အထွက်ခက်သည့်
သံသရာတွင်း ပြေးဖို့ ပြင်။
ဧပရယ်ဆွေဆွေ
0 comments:
Post a Comment