Images

နင်ပေးတဲ့နေရာ


-မရိတ်သိမ်းတဲ့
စိတ်ကူးသီးနှံခင်းမှာ
အချစ်တွေလှိုင်လှိုင်ထချိန်။

-ဂန္ထ၀င်မြောက်
ဥယျာဉ်မှူးကတော့
ရေမလောင်းဘဲ ပြန်သွားလေရဲ့ ။

-နင်ရောက်လေရာက
ပြန်လာခဲ့ပါဟယ်
၁+၁=၃ ဆိုတဲ့
ပိုင်ရဲ့ ကဗျာကို နင်သဘောကျတယ်မို့ လား
သင်္ချာသမားတွေ ဘယ်လောက်ပဲငြင်းငြင်း
နင်နဲ့ ငါတွက် ဒီအီကွေရှင်းဟာ
အမှန်တရားပဲဆို။

-လူတွေလက်မခံတဲ့
ဒီပုစ္ဆာကို ဘယ်အချိန်မှာမှ
နင်ပုံနှိပ်လေမလဲ။
ရပါတယ်ချစ်သူ
ငါဟာ စိတ်ရှည်တဲ့
နှလုံးသားကို ပိုင်ခဲ့သူပါ။

ခုချိန်မှာတော့
သံစဉ်မရှိတဲ့ ဂီတာနဲ့
အရောင်မရှိတဲ့နံရံတစ်ခုကိုမှီရင်း
အဖော်မဲ့ညတွေကို
ရင်နာနာနဲ့ ဖြတ်ကျော်နေဆဲပေါ့။

ဧပရယ်ဆွေဆွေ

0 comments: