အချိန်နှင့်အမျှ
ပြောင်းလဲလာနေသော နည်းပညာများစွာတို့ ၏ လှိုင်းဂယက်နှင့်အတူ ရှင်သန်နေကြသော လူသားတို
့၏ နိစ္စဓူဝ လုပ်ငန်းစဉ်များသည်လည်း သမားရိုးကျဆောင်ရွက်လုပ်ကိုင်နေကြရာမှ နည်းပညာလှိုင်းကိုစီးနင်း၍
အသွင်သဏ္ဍာန်သစ်ဖြင့် ကျွန်ုပ်တို့ ၏ နေ့ စဉ်ဘ၀ထဲသို့  စိမ့်ဝင်ပျံ့ နှံ့ လာနေကြောင်း
သတိပြုမိကြမည်ထင်ပါသည်။
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ(
Information and Commumication Technology-ICT ) ကောင်းစွာဖွ့ံဖြိုးလာသည်နှင့်အတူ
၎င်း၏ဆန့် ကျင်ဘက် သက်ရောက်မှုများလည်း ရှိလာပါသည်။
၂၄
နာရီလုံးအသက်ရှင်နေသော အင်တာနက်မှပေးသည့် သတင်းများသည် လူသားများဆီသို့  အချိန်နှင့်တပြေးညီ
ရောက်လာနေသည်။ ထို့ အတူ နေ့ စဉ်မိမိ၏ Inbox ထဲသို့  Email များ ကွန်ယက်အသီးသီးမှ ၀င်ရောက်လာသည်။
လေ့လာ ချက်များအရ အသုံးပြုသူများ၏ နေ့ စဉ်အင်တာနက်မှတဆင့် Email ပေးပို့ သည့်အရေအတွက်မှာ
ဘီလီယံ ၂၀၀ ကျော်သည် ဟုဆိုပါသည်။
Email
သည် Mobil phone များနည်းတူ ယနေ့ ကမ္ဘာတွင် အသုံးတွင်ကျယ်လာကြသည်။ စီးပွားရေး၊ လူမှုရေး၊
လေ့လာ ရှာဖွေမှုအားလုံး၏ ဆက်သွယ်မှုတွင် Email သည်လည်း မရှိမဖြစ်( essential
) ဖြစ်လာသည်။ စင်စစ် ကျန်းမာရေးအတွက်မူ ပြင်ပလုပ်ငန်းဝန်းကျင်၌ပင်
မျက်နှာချင်းဆိုင် ဆက်သွယ်ပြောဆိုချင်းသည်သာ Email မှဆက်သွယ်ခြင်းထက် ပိုမိုအကျိုးရှိ
ကြောင်း သုတေသီတို့ ကဆိုထားပါသည်။
အဘယ်ကြောင့်ဆိုသော်
Email အသုံးပြုသူတစ်ဦးသည် ပျမ်းမျှအနေဖြင့် window များကို ၁ နာရီလျှင် ၃၇ ကြိမ်
swich ပြုလုပ်လေ့ရှိပြီး Email အသုံးမပြုသည့်အခါတွင် ၁ နာရီလျှင် ၁၈ ကြိမ်သာ
window များကို swich လုပ်ကြောင်း လေ့လာတွေ့ ရှိ ရသည်။
၂၀၁၂
မေလပိုင်းက လေ့လာမှုတွင် တစ်ပတ်ငါးရက် အချိန်ပြည့် Email အသုံးပြုသူများနှင့်
Email လုံးဝ မသုံးသူများ၏ စိတ်ပိုင်းဆိုင်ရာတို့ ကို စစ်ဆေး ကြည့်ရာ အသုံးများသူများမှာ စိတ်ဖိစီးမှု အများဆုံးတွေ့ ရသည်။
တစ်နာရီလျှင် ၃၇ ကြိမ် အသုံး ပြုသည့်သူများတွင် စိတ်ဖိစီးမှုပို၍ ဖြစ်ပွားသည်ဟုဆိုသည်။
ထို
့ကြောင့် သိပ္ပံပညာရှင်များသည် Email အမြဲအသုံးပြုနေသူများ၏ နှလုံးခုန်နှုန်းကို စောင့်ကြည့်စစ်ဆေးရာတွင်
၎င်း တို့ ၏အခြေအနေသည် အခြားသူများထက် ပိုမိုမြင့်မားနေကြောင်း တွေ့ ရှိရသည်။
ကယ်လီဖိုနီးယားတက္ကသိုလ်မှ
Informatics ပါမောက္ခတစ်ဦးဖြစ်သူ Gloria Mark က Email နေ့ စဉ်အသုံးပြုနေသူ ၁၃ ဦးအား ၅ ရက်ခန့်  Email အသုံးမပြုဘဲနေစေရာ မေးလ်နေ
့စဉ်အသုံးပြုနေသူများသည် Email ကို မသုံးဘဲ မနေနိုင်ကြကြောင်း လေ့လာတွေ့ ခဲ့ရသည်။ အချို့ သည်မှု Email အသုံးပြုခြင်းကို
ဆေးနှင့် အရက်အား ခုံမင်နှစ်သက်သကဲ့သို့ ပင် စွဲလမ်းနေကြ ကြောင်း Gloria က ပြောကြားခဲ့သည်။
Email
အသုံးပြုခြင်းကြောင့် နှလုံးခုန်နှုန်းမြင့်တက်လာသည့်အခါတွင် cortisol ဟုခေါ်သည့် hormone
ကို ပျက်စီးနေ ကြောင်း သုတေသီများက ပြောကြားသည်။
ထို
့ကြောင့် Inbox ထဲသို့  နေ့ စဉ်ဝင်ရောက်လာသော Email များကို လျစ်လျူရှုထားခြင်းဖြင့်
စိတ်ဖိစီးမှုဒဏ်ကို လျော့ ကျစေသည့်အပြင် နှလုံးအတွက်လည်း ကောင်းမွန်သော သက်ရောက်မှုဖြစ်စေတယ်ဆိုတာကို
သတိထားစေချင်ပါသည်။
DailyMail မှ Ref; ပြန်လုပ်ပေးခြင်းပါ။
0 comments:
Post a Comment